လူပုံအလယ်မှာ အေရိုးဗစ်အက ကပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

လူပုံအလယ်မှာ အေရိုးဗစ်အက ကပြခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

မတ် ၂၀ ။          ။ လာမယ့် မတ်လ ၂၄ ရက် အထွေထွေရွေးကောက်ပွဲမတိုင်မီ မတ်လ ၂၀ ရက်မှာတော့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာဟာ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟာ ယင်းနေ့မှာပဲ လုမ္ပနီ ဥယျာဉ်ကို ရောက်ရှိလာခဲ့ပြီး ၎င်းကို ဝိုင်းပြီး ကြိုဆိုနှုတ်ဆက်ကြတဲ့ ပြည်သူတွေအလယ်မှာပဲ အေရိုးဗစ် အက ကို ကပြသွားခဲ့ပါသေးတယ်။

သက်ကြီး အဘိုးအိုတစ်ဦးက ကဖို့ ဖိတ်ခေါ်ခဲ့တာကို ဝန်ကြီးချုပ် ချန်အိုချာက အတူ လိုက်ကခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ၎င်းဟာ သက်ကြီး ရွယ်အိုတွေနဲ့အတူ လက်ဘက်ရည် သောက်သုံးခဲ့သေးတယ်လို့ သိရပါတယ်။

ထိုင်းရွေးကောက်ပွဲမှာတော့ လာမယ့် မတ် ၂၄ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ဒါဟာ ယင်းနိုင်ငံံမှာ ရှစ်နှစ်တာအတွင်း ပထမဆုံးကျင်းပမယ့် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

အကြိုစစ်တမ်းတွေအရ လက်ရှိဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာကပဲ နောက်ဝန်ကြီးချုပ်သစ် ဖြစ်လာမယ်လို့ ရေပန်းစားနေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required