ခိုတစ်ကောင်ကို စံချိန်တင် ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ လေလံတင်ရောင်းချ

ခိုတစ်ကောင်ကို စံချိန်တင် ဒေါ်လာ ၁ ဒသမ ၄ သန်းနဲ့ လေလံတင်ရောင်းချ
Homing pigeons are raced by releasing them sometimes hundreds of kilometres from home, with the first back home winning (AFP Photo/OLI SCARFF)

မတ် ၁၉ ။    ။ ဘယ်လ်ဂျီယံ စာပို့ခိုငှက်လေးတစ်ကောင်ကို အွန်လိုင်း လေလံပွဲတစ်ပွဲမှာ စံချိန်တင် ဒေါ်လာ ၁ ဒသမ ၄၂ သန်း (ယူရို ၁ ဒသမ ၂၅ သန်း) နဲ့ ရောင်းချခဲ့ရတယ်လို့  ဘယ်လ်ဂျီယံ မီဒီယာတွေက မတ်လ ၁၇ ရက်မှာ ဖော်ပြပါတယ်။

Armando အမည်ရ ယင်း ခိုငှက်လေးကတော့ စာပို့ခိုပြိုင်ပွဲမှာ ခရီးအဝေးဆုံး ပျံသန်းနိုင်တဲ့ အတော်ဆုံးသော ခိုတစ်ကောင် ဖြစ်ကြောင်း လေလံဝက်ဆိုဒ် PIPA က ထုတ်ပြန်ပါတယ်။

ယင်းအတွက်ကြောင့် အဆိုပါ ခိုငှက်လေးကိုတော့ ဖော်မြူလာဝမ်း  ကားမောင်းပြိုင်ပွဲ အကျော်အမော် လူးဝစ် ဟာမီတန်နဲ့ နှိုင်းယှဉ်ပြီး လူးဝစ် ဟာမီတန် ခိုငှက်လို့တောင် တစ်ချို့ခေါ်ဆိုကြောင်း သိရပါတယ်။

ယင်း ခိုငှက်လေးကိုတော့ အမည်မဖော်လိုသူ တရုတ်ဝယ်သူတစ်ဦးက ယခုလို ငွေပမာဏအမြောက်မြားနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။

ကနဦးတုန်းက Armando ကို လေလံတင်ရာမှာတော့ ယခင်က Nadine လို့ခေါ်တဲ့ ခိုငှက်တစ်ကောင်ကို ဒေါ်လာ ၄၂၅,၀၀၀ နဲ့ ရောင်းချထားရတဲ့ စံချိန်ကို ချိုးနိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့် ခုလောက်ထိ ပမာဏအများအပြား ရလိမ့်မယ်လို့ မထင်ခဲ့ကြဘူးလို့ သိရပါတယ်။

“  ခု သီတင်းပတ်ထဲမှာတော့ Armando က ကမ္ဘာပေါ်က အွန်လိုင်း လေလံပွဲတွေမှာ ရောင်းခဲ့သမျှထဲမှာ စျေးအကြီးဆုံး ခို ဖြစ်သွားပါပြီ”  ဆိုပြီး PIPA က ထုတ်ပြန်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required