အဝီစိတွင်းတူးရာမှ အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွား

အဝီစိတွင်းတူးရာမှ အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွား

မကွေး၊ မတ် ၁၉ ။     ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊မြေနီခင်တောင်ရပ်ကွက်တွင် အဝီစိရေတွင်းတူးရာမှ ချိန်းထောင်းဖြင့် ရိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံးမှု မတ်လ၁၈ရက်နေ့ နံက်ပိုင်းက ဖြစ်ပွားခဲ့သည်။

မြေနီခင်တောင်ရပ်ကွက်၊ ပညာတံခွန်ဘော်ဒါအုပ်ပိုင်ရှင်၏ နေအိမ်ဝိုင်းအတွင်းတွင် နဒီလွင်ရေတွင်းတူးအဖွဲ့မှ တစ်ပေလျှင်ကျပ်တစ်ထောင်နှုန်းဖြင့် လက်ရေတွင်း(အဝီစိရေတွင်း)တူးခဲ့ကြောင်း ထိုသို့ရေတွင်းတူးစဉ် မတ်လ ၁၈ရက်နေ့ နံက်၈နာရီခွဲအချိန်ခန့်တွင် မြေကြီးအတွင်းရှိ တွင်းတူးပိုက်မှကျောက်ညပ်ခဲ့ပြီး ချိန်းထောင်းဖြင့် တစ်ဦးချင်းစီ အလှည့်ကျလှည့်လည်ခဲ့ရာ သန်းဇော်ဝင်း(ခ)သန်းဇော်ထွေး(ခ)အော်ကြီး၏ အလှည့်တွင်၊လှည့်နေစဉ် ချိန်းထောင်းမှမောင်းပြန်၍ ၎င်း၏ဝဲဘက်ရင်အုံသို့ရိုက်မိခဲ့ခြင်းဖြစ်ကြောင်း လက်မှတ်ကုန်းနယ်မြေရဲစခန်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ရိုက်မိခြင်းကြောင့် သစ်တစ်ပွေကမ်းနားရပ်တွင် နေထိုင်သော သန်းဇော်ဝင်း(ခ) သန်းဇော်ထွေး (ခ) အော်ကြီး(၃၀)နှစ်ဆိုသူသည် သတိလစ်သွားခဲ့သဖြင့် ရေနံချောင်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွက် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၉)ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly