ပါရီမြို့ ပြတိုက်ထဲက ဧရာမ ပြည်ကြီးငါးကြီး

ပါရီမြို့ ပြတိုက်ထဲက ဧရာမ ပြည်ကြီးငါးကြီး

မတ် ၁၉ ။     ။ ပြင်သစ်နိုင်ငံ ပါရီမြို့ သဘာဝသမိုင်းပြတိုက်မှာတော့ ကမ္ဘာ့ သမုဒ္ဒရာတွေထဲက သက်ရှိသတ္တဝါတွေနဲ့ပတ်သက်တဲ့ အဓိက ပြပွဲတစ်ခုကို မကြာခင် ခင်းကျင်းပြသဖို့ အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။

ယင်း ပြပွဲမှာ ပြသမယ့် အံ့သြဖွယ်ရာအဖြစ်ဆုံး ရေနေသတ္တဝါ နမူနာတွေကိုလည်း ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်ပေးနေလျက် ရှိပါတယ်။

ယင်းတို့အနက် ဧရာမ ပြည်ကြီးငါးကြီး တစ်ကောင် ရှိနေပါတယ်။ ယင်းကိုတော့  ကနဦး ထိန်းသိမ်းမှုတွေထဲမှာ သစ်စေးကြောင့် အဖြူရောင်ကာလာ ပြောင်းခဲ့ပေမယ့် ယခုအခါမှာတော့ ပြန်လည်ပြုပြင်မွမ်းမံမှုတွေအရ တကယ့် ပြည်ကြီးငါးတစ်ကောင်ရဲ့ ပင်ဂိုအရောင်အတိုင်း ပြန်ရလာခဲ့ပြီ ဖြစ်ပါတယ်။

“Wheke” လို့ ခေါ်တဲဲ့ ယင်းပြည်ကြီးငါးကြီးကတော့ အရှည်  ခြောက်မီတာ (လက်တွေရဲ့ အရှည် ထည့်မတွက်) ရှိပြီး အလေးချိန် ကီလို ၈၀ ရှိပါတယ်။

ဒီ ပြတိုက်မှာ အမြဲတမ်း ပြသခံပစ္စည်း တစ်ခု ဖြစ်လာခင် ယင်း သတ္တဝါကြီးကတော့ နယူးဇီလန် ကမ်းရိုးတန်းအလွန်မှာ နေထိုင်ခဲ့ပြီး ယင်းကို ၂၀၀၀ ပြည့်နှစ်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ပြပွဲမှာတော့ ယင်း ပြည်ကြီးငါးကြီးနဲ့အတူ အခြား ရှားပါးတဲ့ coelacanth အမည်ရ ငါးကြီးတစ်မျိုးကိုလည်း ပြသသွားဖို့ ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required