ပလတ်စတစ်ဘူးခွံအဖုံးများဖြင့် ပြုလုပ်ထားသည့် ကော်ဇော ဘော့စနီးယားတွင် ပြသ

ပလတ်စတစ်ဘူးခွံအဖုံးများဖြင့် ပြုလုပ်ထားသည့် ကော်ဇော ဘော့စနီးယားတွင် ပြသ

မတ် ၁၉ ။     ။ ယမန်နေ့က ဘော့စနီးယား၊ ဟာဇီဂိုဗီးနားမြို့တော် ဆာရာဂျေဗိုမှာ ပလတ်စတစ်ဘူးခွံအဖုံးတွေနဲ့ ပြုလုပ်ထားတဲ့ ကော်ဇောကို World Recycling Day အထိမ်းအမှတ်အနေနဲ့ ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကော်ဇောကို ပြုလုပ်ဖို့အတွက် ပလတ်စတစ်ဘူးခွံအဖုံးပေါင်း ၂၅၀၀၀ ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

ရှေးဟောင်းဘော့စနီးယားကော်ဇောကို နမူနာယူပြီး ယခုကော်ဇောကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Green Art ရဲ့ တာဝန်ခံ အယ်လ်မာ ရာနီကာ တာဗစ်စ်ဗစ်ခ်က ပြောပါတယ်။

World Recycling Day အထိမ်းအမှတ်ပွဲမှာ အဆိုပါကော်ဇောကို ပြုလုပ်ခဲ့တဲ့ ကလေးငယ်တွေနဲ့အတူ ကော်ဇောကို လာရောက်လေ့လာကြည့်ရှုတဲ့ ဧည့်သည်တွေကိုပါ တွေ့မြင်ရမှာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required