အီဒိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့်် မိုဇမ်ဘစ်မှာ သေဆုံးသူ တစ်ထောင်ကျော်နိုင်

အီဒိုင်းဆိုင်ကလုန်းမုန်တိုင်းကြောင့်် မိုဇမ်ဘစ်မှာ သေဆုံးသူ တစ်ထောင်ကျော်နိုင်

ဘိုင်ရာ၊ မတ် ၁၉ ။      ။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆိုင်ကလုန်းမုန်တိုင်း အီဒိုင်း ဝင်ရောက်တိုက်ခိုက်တာကြောင့် ဇင်ဘာဘွေနိုင်ငံမှာ သေဆုံးသူ များစွာရှိခဲ့ပြီး ပျောက်ဆုံးနေသူ ၂၀၀ ကျော်ထက်မနည်း ရှိနေချိန်မှာ အိမ်နီးချင်း မိုဇမ်ဘစ်နိုင်ငံမှာတော့ သေဆုံးသူ တစ်ထောင်ကျော်နိုင်တာအတွက် စိုးရိမ်ပူပန်လျက် ရှှိနေပါတယ်။

မိုဇမ်ဘစ်အလယ်ပိုင်း ဘိုင်ရာမြို့မှာ မတ် ၁၄ ရက််က အီဒိုင််းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်တာရာ အပျက်အစီး များခဲ့ပြီး ဒီမုန်တိုင်းက အိမ်နီးချင်း ဇင်ဘာဘွေနိုင်ငံဖက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

မုန်တိုင်းလမ်းကြောင်းတစ်လျှောက်မှာ လေပြင်းတွေ မွှေနှောက်တိုက်ခိုက်ပြီး ရေကြီးမှုလည်း ဖြစ်တာကြောင့် လမ်းတွေ၊ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။

မိုဇမ်ဘစ် သမ္မတ ဖိလစ်ပီညူစီးက နိုင်ငံတော် မိန့်ခွန်း ပြောကြားရာမှာ “ကျွန်တော်တို့ ခုထိတော့ သေဆုံးသူ ၈၄ ဦးရှိတယ်လို့ တရားဝင် စာရင်း ကောက်ထားနိုင်ပါတယ်။ ဒါပေမယ့် မုန်တိုင်းသင့်ရာ နယ်မြေတွေဆီ ကျွန်တော်တို့ သွားရောက်ကြည့်ရှုခဲ့ချိန်မှာတော့ ဘယ်လောက်ထိ ထိခိုက်သွားတယ်ဆိုတာ သိမြင်နားလည်ရတယ်။ သေဆုံးသူ တစ်ထောင်ကျော်ထက်မနည်း ရှှိနေနိုင်တယ်။”လို့ ပြောပါတယ်။

“ဒါဟာ တကယ်ကို လူသားတွေရဲ့ ဘေးဒုက္ခဆိုးပါပဲ။ လူတစ်ထောင်ကျော်ထက်မနည်း အသက် အန္တရာယ်ဘေးအတွင်း ကျရောက်နေတယ်။”လို့ ၎င်းက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ  ကြက်ခြေနီအသင်းက ထုတ်ပြန်ရာမှာလည်း “ဘိုင်ရာမြို့ မုန်တိုင်းထိချက်က တော်တော်လေး ပြင်းထန်တယ်။ တော်တော်ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တာ ဖြစ်တယ်။”လို့ ဖော်ပြထားပါတယ်။

ရေကြီးရေလွှမ်းမှုက အိမ်တွေရဲ့ ပြတင်းတံခါးတွေ နစ်တဲ့အထိ ရေဖုံးလွှမ်းတာကြောင့် အိမ်ခေါင်မိုးတွေပေါ် တက်နေနေတဲ့ လူတွေကို အကျိုးအမြတ် မမျှော်တဲ့ ခရစ်ယာန်အသင်းအဖွဲ့ Mission Aviation Fellowship က ထုတ်ပြန်တဲ့ ကောင်းကင်ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required