မလျော်ကန်တဲ့ အောင်ပွဲခံမှုအတွက် ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခံရတဲ့ စီရော်နယ်လ်ဒို

မလျော်ကန်တဲ့ အောင်ပွဲခံမှုအတွက် ယူအီးအက်ဖ်အေရဲ့ စွဲချက်တင်ခံရတဲ့ စီရော်နယ်လ်ဒို

ဂျူဗင်တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ အက်သလက်တီကိုဘက်ကို ဂိုးသွင်းအပြီး အောင်ပွဲခံရမှာ မသင့်လျော်တဲ့ အပြုအမှုအတွက် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ စွဲချက်တင်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။

အက်လသက်တီကိုအသင်းက ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ပထမအကျော့ ဝန်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ နည်းပြ ဆီမြွန်နီက ပရိသတ်တွေဘက်လှည့်ပြီး “conjones celebration”လို့ ခေါ်တဲ့ ပေါင်နှစ်ဖက်ကားပြီး ရိုင်းဆိုင်းတဲ့ အပြုအမှုနဲ့ အောင်ပွဲခံခဲ့တာကို စီရော်နယ်လ်ဒိုက အီတလီမြေမှာ ပြန်လည်တု့ံပြန်လိုက်တာဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်က ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ဒုတိယအကျော့မှာ ဟက်ထရစ်ဂိုးအဖြစ် တတိယဂိုးသွင်းအပြီး မလျော်ကန်တဲ့ အပြုအမှုမျိုးနဲ့ အောင်ပွဲခံခဲ့တာပါ။

"UEFA Ethics and Disciplinary Inspector ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေအရ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်း ပုဒ်မ ၅၅ အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်က အီတလီမြေမှာ ဂျူဗင်တပ်စ်နဲ့ အက်သလက်တီကိုအသင်းတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အပြုအမှုနဲ့ ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်ရန် အမှုဖွင့်ခဲ့ပါတယ်။"လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။

ယူအီးအက်ဖ်အေဟာ မတ်လ ၂၁ ရက်မှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ ဆီမြွန်နီဟာ သူ့ရဲ့ အောင်ပွဲခံမှုအတွက် ဒဏ်ကြေး ယူရို ၂၀,၀၀၀ (ပေါင ၁၇,၀၀၀) ပေးဆောင်ရန် ချမှတ်ခံရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အေဂျက်အသင်းနဲ့ တွေ့ဆုံနေပါတယ်။

Ref; EFE-EPA, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly