အင်ဒိုနီးရှား ရေကြီးမှု သေဆုံးသူဦးရေ ၇၀ ကျော်လာ

အင်ဒိုနီးရှား ရေကြီးမှု သေဆုံးသူဦးရေ ၇၀ ကျော်လာ

မတ် ၁၈ ။    ။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူဝါပြည်နယ်မှာ မတ်လ ၁၆ ရက်က ရုတ်တရက် ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၇၇  ဦးထက်မနည်း ရှိလာခဲ့ပြီကြောင်း အင်ဒို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက မတ်လ ၁၈ ရက်မှာ ပြောပါတယ်။

မတ်လ ၁၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ပြည်နယ်မြို့တော် ဂျာယာပူရာ အနီး ဆန်တာနီဒေသမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အလားတူ လူပေါင်း ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ယင်း သဘာဝဘေးဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရေကြီးမှု ကြောင့် နေအိမ်ပေါင်း ဒါဇင်ချီ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ ပြောရေးဆိုခွင့် ရှိသူ ဆူတိုပို ပူအာဝို နူဂရိုဟိုက ပြောထားပါတယ်။

အင်ဒိုနီးရှားမှာကတော့ ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေကျ ဖြစ်ပြီး အထူးသဖြင့် အောက်တိုဘာကနေ ဧပြီလအကြား မိုးတွင်းကာလမှာ ပိုဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ဆူလာဝေစီ ကျွန်းမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့ရပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required