ဖီဖာ နိုင်ငံတကာခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကြီး၏ အပြီးသတ်လူစာရင်း ထုတ်ပြန်

ဖီဖာ နိုင်ငံတကာခြေစမ်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကြီး၏ အပြီးသတ်လူစာရင်း ထုတ်ပြန်
ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

မတ် ၁၈ ။     ။ လာမည့် မတ်လ ၁၉ ရက် နှင့် ၂၅ ရက်နေ့တို႔ တွင်  ယှဉ်ပြိုင်ကစားရမည့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲ အတွက် မြန်မာ့လက်ရွေးစင်အသင်းကြီး၏ အပြီးသတ် ကစားသမား ၂၅ ဦး စာရင်းကို မတ်လ ၁၇ ရက်နေ ့ ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာလက်ရွေးစင်အသင်းကြီး အနေဖြင့် မတ်လ ၁၉ ရက်နေ ့ညနေ ၆ နာရီတွင် တရုတ်(တိုင်ပေ) နှင့် စတင်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး မတ်လ ၂၅ ရက်နေ ့တွင် အင်ဒိုနီးရှားအသင်း နှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းကြီး ၏ လူစာရင်းတွင် နည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်း၊ဂိုး-ကျော်ဇင်ထက်(ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊   နိုင်ဇေယျာထွန်း(ဇွဲကပင်)၊   နောက်တန်း-  ပြည်ဖြိုးဇော်၊ မင်းကျော်ခန့် (ရန်ကုန်)၊  ထိုက်ထိုက်အောင်(ရှမ်း)၊ သက်နိုင်၊ ဇော်ရဲထွန်း၊ ဟိန်းနေဆန်း (ရတနာပုံ)၊ ဇော်မင်းထွန်း (ချောင်ဘူရီ)၊ ငြိမ်းချမ်း (ရခိုင်)၊ ကျော်ဇင်လွင်(ဧရာဝတီ)၊ အလယ်တန်း- လားဒင်မောရ (ဟံသာဝတီ)၊  လှိုင်းဘိုဘို(ရတနာပုံ)၊ မောင်မောင်ဝင်း(ဇွဲကပင်)၊  ရန်နိုင်ဦး(ရှမ်း)၊ အောင်လှိုင်ဝင်း၊ ကျော်စွာမင်း(စစ်ကိုင်း)၊ မောင်မောင်လွင်၊ ငြိမ်းချမ်း အောင်(ရန်ကုန်)၊ ရှေ့တန်း- အောင်သူ(မြောင်တောင်)၊ ဇင်မင်းထွန်း၊  ဒွေးကိုကိုချစ်(ရှမ်း)၊ အောင်မြင့်ထွန်း (မကွေး)၊ ဝင်းနိုင်စိုး(ရတနာပုံ) တို့ ပါဝင်ကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲ ၂ပွဲစလုံးကို  မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သလို မြန်မာနိုင်ငံဘောလုံးအဖွဲ ့ချုပ်အနေဖြင့် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ရန်ကုန် အသင်း၏ နည်းပြချုပ် ဦးမျိုးမင်းထွန်းကို မြန်မာလက်ရွေးစင်အသင်းကြီး၏ ယာယီနည်းပြချုပ် အဖြစ်ခန့်အပ် ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၁ ရက်မှစ၍ မန္တလးမြို့၌  စတင်လေ့ကျင့်ခဲ့ပြီး  ယာယီနည်းပြ ချုပ် ဦးမျိုးမင်းထွန်းမှာ ကလပ်အသင်းပွဲကြောင့် မတ် ၁၄ ရက် မှ စတင်ကိုင်တွယ် ခဲ့ကြောင်း သိရသည်။

ဦးမျိုးမင်းထွန်းသည် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ်အဖြစ် ၂၀၁၆ ရာသီဝက်မှစတင်ကာ ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီတွင် ဖလား သုံးလုံး ဆွတ်ခူးပေးနိုင်ခဲ့သည့် အအောင်မြင်ဆုံး လူငယ်နည်းပြအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly