ဂျပန်ပွဲစဉ်တွင် အကြံ့ခိုင်ဆုံးအနေအထားနှင့် ယှဉ်ပြိုင်ကာ ပရိသတ်များကို စိတ်လှုပ်ရှားမှုများပေးနိုင်ရန် အောင်လအန်ဆန် ကြိုးစားလေ့ကျင့်

ဂျပန်ပွဲစဉ်တွင် အကြံ့ခိုင်ဆုံးအနေအထားနှင့် ယှဉ်ပြိုင်ကာ ပရိသတ်များကို စိတ်လှုပ်ရှားမှုများပေးနိုင်ရန် အောင်လအန်ဆန် ကြိုးစားလေ့ကျင့်

 ONE ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ “မြန်မာ့စပါးအုံး” အောင်လအန်ဆန်သည် ပြီးခဲ့သောနှစ်က ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမိုင်းတွင် အရှည်လျားဆုံးသော ရေကုန်ရေခမ်းထိုးသတ်ပွဲတစ်ပွဲကို ယှဉ်ပြိုင်ခဲ့ပါသည်။

မြန်မာ့ဂုဏ်ဆောင်ကစားသမား အောင်လအန်ဆန်သည် အလားတူယှဉ်ပြိုင်မှုကို လာမည့် မတ်လ ၃၁ ရက်၊ တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ONE Championship ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ၎င်း၏ ပြိုင်ဘက်ဟောင်းနှင့် ထပ်မံရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံနေရာကိုကာကွယ်ရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် ONE Championship ၏ A NEW ERA ပြိုင်ပွဲကြီးတွင် ဂျပန်ကိုယ်ခံပညာကစားသမား Ken Hasegawa နှင့်  ထိုးသတ်မည်ဖြစ်သည်။

ယခုပြန်လည်ယှဉ်ပြိုင်မည့် ကစားသမားနှစ်ဦးသည် တစ်ဦး၏ကျွမ်းကျင်မှုကိုတစ်ဦး အပြန်အလှန်သိရှိထားနှင်ြ့ပီးဖြစ်နေကြပါ သည်။ ထိုကဲ့သို့ သိရှိထားခြင်းကြောင့် လာမည့်ပွဲစဉ်သည် ပို၍ကြည့်ကောင်းမည့်ပွဲတစ်ပွဲဖြစ်မည်ဟု မြန်မာ့စပါးအုံး အောင်လက ယုံကြည် နေကြောင်းလည်း သိရှိရပါသည်။

“စခန်းသွင်းလေ့ကျင့်မှုမှာ ရာနှုန်းပြည့် အားထည့်လုပ်ဆောင်နေလိမ့်မယ်လို့ ကျွန်တော်အသေအချာပြောနိုင်ပါတယ်။ လေ့ကျင့်ဖို့အတွက် နယူးယောက်ခ်ကို သူသွားခဲ့တာ ကျွန်တော်သိထားပါတယ်။ ဒါကြောင့် သူတကယ့်ကိုအာရုံစိုက်ထားတယ်လို့ ကျွန်တော်ပြောရဲတယ်” ဟု အောင်လအန်ဆန်က ပြောဆိုခဲ့ပါသည်။

“ကျွန်တော် Ken ကို လေးစားပါတယ်။ သူ့အကြောင်းကောင်းကောင်း သိတာကြောင့် ကျွန်တော် အပြင်းအထန်လေ့ကျင့်နေပါ တယ်။ သူကောင်းကောင်းကစားနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒီပွဲက တိုက်ခိုက်ဖူးတဲ့လူနှစ်ယောက်၊ တစ်ဦးရဲ့အားနည်းချက် အားသာချက်တွေကို အပြန်အလှန် သိထားသူနှစ်ယောက်ရဲ့ပွဲပါပဲ။ ကျွန်တော့်အမြင်ကိုပြောရရင် နောက်ထပ်စိတ်လှုပ်ရှားစရာ ကောင်းမယ့် ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။

ပြီးခဲ့သော ဇွန်လအတွင်းကျင်းပခဲ့သည့် ONE Championship ၏ SPIRIT  OF A WARRIOR ပြိုင်ပွဲကြီးတွင် ထိုးသတ်ခဲ့ကြသော ၎င်းတို့နှစ်ဦး၏ ပွဲစဉ်သည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ကိုယ်ခံပညာဆုပေးပွဲ၏ တစ်နှစ်တာအတွက် အကောင်းဆုံးပွဲစဉ် “ Bout of The Year” အဖြစ် ဂုဏ်ပြုခံခဲ့ရပြီး ယခုပွဲစဉ်သည် ၎င်းတို့နှစ်ဦးအတွက် မကျေပွဲနွှဲမည့်ပွဲစဉ်ဖြစ်နေပါသည်။

အဆိုပါ ပွဲစဉ်သည် ယောကျင်္ားဘသားနှစ်ဦး၏ စိတ်အင်အားကို စမ်းသပ်သည့် ရေကုန်ရေခန်း ထိပ်တိုက် တွေ့ဆုံပွဲ ဖြစ်ခဲ့ရသည်။  ကစားသမားနှစ်ဦးသည် မီးကုန်ယမ်းကုန်တိုက်ခိုက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်းရှိ ပရိတ်သတ် များမှာလည်း အလွန်စိတ်လှုပ်ရှားစွာဖြင့် အားပေးကြည့်ရှုခဲ့ကြသည်။

ငါးချီပြီးဆုံးရန် ၂မိနစ်နီးပါးသာလိုတော့သည့်အချိန်တွင် အောင်လအန်ဆန်က ဂျပန်ပြိုင်ဘက်အား အနီးကပ်ပင့်လက်သီးဖြင့် ပွဲ သိမ်းအနိုင်ယူပြီး အိမ်ကွင်းပရိတ်သတ်အရှေ့တွင် ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါ သည်။

အကောင်းဆုံးပွဲသိမ်းအနိုင်ရခဲ့သော်လည်း မြန်မာ့စပါးအုံးက ၎င်း၏စွမ်းဆောင်မှုနှင့်ပတ်သက်ပြီး စိတ်တိုင်းမကျနိုင်ဖြစ်ခဲ့သော ကြောင့် ထပ်မံထိုးသတ်မည့်ပွဲတွင် ပိုမိုကောင်းမွန်သည့်လက်စွမ်းဖြစ်စေရေးအတွက် သန္ဓိဋ္ဌာန်ချခဲ့သည်။

“ ဟာကွက်တွေကို ကျွန်တော်အသုံးမချနိုင်တာအများကြီးပဲ” ဟု ၎င်းက ဆိုသည်။

”ကျွန်တော့်လှုပ်ရှားမှုမှာ အမှားအယွင်းအတော်များတယ်၊ မတ်လ ၃၁ရက်ပွဲမှာ ပိုပြီး ကောင်းမွန်တဲ့ လက်စွမ်း၊ သေသပ်တိကျတဲ့ စွမ်းဆောင်မှုတွေ ကျွန်တော်ပြသမှာပါ။ ကျွန်တော် ပြင်ဆင်လေ့ကျင့်ခဲ့တဲ့ လှုပ်ရှားထိုးသတ်မှုအသစ်တွေကိုလည်း ပရိတ်သတ်တွေ မြင်ကြရပါလိမ့်မယ်။ သေချာတာကတော့ စိတ်လှုပ်ရှားစရာသတ်လုံးသတ်ပေါက်အသစ်တွေကို မြင်ရမယ်ဆိုတာပါပဲ။”

အမေရိကန်နိုင်ငံ၊ ဖလိုရီဒါပြည်နယ်၊ ဖို့တ်လုဒါဒေးလ်ရှိ Hard Knocks 365 တွင် ၎င်း၏ကျွမ်းကျင်မှု ပိုမိုတိုးတက်လာစေရန် နည်း စနစ်အသစ်များ လေ့ကျင့်နေသကဲ့သို့ အသက် ၃၂ နှစ်အရွယ် ပြိုင်ဘက်ဂျပန်ကစားသမားကလည်း အပြင်းအထန်လေ့ကျင့်ပြင် နေမည်ဆိုသည်ကို အောင်လအန်ဆန် သိရှိပါသည်။

Matt Serra နှင့် Ray Longo တို့၏ သင်ကြားပြသမှုဖြင့် လေ့ကျင့်ရန်  Hasegawa သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှ အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့ရှိ Long Island သို့ ထွက်ခွာခဲ့သည်။

အဆိုပါနည်းပြ ၂ ဦးသည် ကမ္ဘာ့အဆင့် ကိုယ်ခံပညာ ကစားသမားများ မွေးထုတ်ပေးခြင်းနှင့် အရည်အသွေးမြှင့်တင်ပေးခြင်းတို့ဖြင့် လူသိများကျော်ကြားသူများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယင်းအချက်ကပင် မြန်မာ့စပါးအုံးအား ၎င်း၏စွမ်းဆောင်မှုကို အမြင့်ဆုံးမြှင့်တင်ရန် တွန်းအားပေးသည့် စေ့ဆော်မှုဖြစ်လာစေခဲ့ပါသည်။

“သူက သတ်လုံးသတ်ပေါက်အသစ်တွေနဲ့ ပြန်လာလိမ့်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်။ အဲဒါကောင်းပါတယ်” ဟု ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်ချန်ပီယံအောင်လအန်ဆန်က ပြောဆိုပါသည်။

“ အခု ကျွန်တော် စိတ်လှုပ်ရှားမိနေပြီး ဒီယှဉ်ပြိုင်ပွဲအပေါ် အလွန်အာရုံစူးစိုက်ထားပါတယ်။ ကျွန်တော်အဲဒီမှာ ယှဉ်ပြိုင်တာဟာ ပရိတ်သတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်စေပါလိမ့်မယ်၊ ပရိတ်သတ်တွေ မြင်ချင်၊ကြည့်ချင်တဲ့သတ်လုံးသတ်ပေါက်တွေ မြင်ရပါလိမ့်မယ်”

ယခုမကျေပွဲသည် အောင်လအန်ဆန်အတွက် ၂နှစ်နီးပါးကာလအတွင်း ၎င်း၏ မိခင်နိုင်ငံအပြင်ဘက်တွင် ပထမဆုံးအကြိမ်ထိုး သတ်ပွဲလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထိုးသတ်ယှဉ်ပြိုင်ရသည်ကို အင်မတန်နှစ်ခြိုက်ပျော်ရွှင်မိသကဲ့သို့ သုဝဏ္ဏကွင်းအတွင်း ထိုးသတ်ရသည်မှာ တာဝန်ဝတ္တရားလည်း ပိုကြီးကြောင်း ONE ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံက ဝန်ခံပြောဆိုခဲ့ပါသည်။

“ မြန်မာကိုယ်စားပြုယှဉ်ပြိုင်ရတာ ပျော်ရွှင်စရာကောင်းသလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ ပရိတ်သတ်တွေရဲ့ဖိ အားပေးမှုအများကြီးရှိသလို ကျွန်တော်တာဝန်လည်း ကြီးတယ်လို့ ခံစားရပါတယ်။” ဟု သူက ရှင်းပြခဲ့ပါသည်။

“အခု ကျွန်တော် ဂျပန်မှာ ယှဉ်ပြိုင်ထိုးသတ်ပါမယ်၊ ဂျပန်က ကိုယ်ခံပညာတွေကိုစတင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါပဲ။ ဒါကြောင့် ဂျပန်မှာ ယှဉ်ပြိုင်ရမှာကို ကျွန်တော်ဂုဏ်ယူမိတယ်။ ကျွန်တော် ဂျပန်နိုင်ငံကို အလည်အပတ်သွားချင်ခဲ့တယ်။ အခုတော့ အိပ်မက်တွေ လက်တွေ့ဖြစ်လာခဲ့ပြီ” ဟု ၎င်းက ဆိုသည်။

သို့သော် တိုကျိုပွဲစဉ်တွင် အချိန်ကြာမြင့်စွာထိုးသတ်ယှဉ်ပြိုင်ရမည်မဟုတ်ဟု အောင်လက ယုံကြည်ထားသည်။ “ ပြီးခဲ့တဲ့ပွဲစဉ်ထက်  အတော်လေးကို ပွဲသိမ်းမြန်ဆန်ဖို့ ရှိပါတယ်” ဟု ယုံကြည်စိတ်ချမှုအပြည့်ဖြင့် အောင်လအန်ဆန်က ပြောဆိုခဲ့ပါသည်။

အကယ်၍ အောင်လအန်ဆန် အနိုင်ရမည်ဆိုလျှင် ကမ္ဘာ့ချန်ပီယံနှင့် ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်ထိုးသတ်ကြမည့်ပွဲစဉ်အဖြစ် ဟဲဗီးဝိတ်ဘုရင် Brandon “The Truth” Vera နှင့် ဆက်လက်ထိုးသတ်သွားမည်ဖြစ်သည်။

“ ကျွန်တော့်ဘက်က အစစအရာရာအဆင်သင့်ပါပဲ။ ပြင်ဆင်ထားပြီးပါပြီ" ဟု အောင်လအန်ဆန်က ဆိုသည်။

“ ကျွန်တော်က ပိုပြီးကောင်းမွန်တဲ့ ကိုယ်ခံပညာ သိုင်းပေါင်းစုံကစားသမား  ဖြစ်လာဖို့ ကြိုးစားနေတာပါ။ ကျွန်တော် ပိုပြီး တိုးတက်မှုရအောင်လုပ် ရမယ့်အချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်ထိုးသတ်မှုက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတယ်။ ကျွန်တော်က Brandon Vera ရဲ့ ပရိတ်သတ်ဖြစ်ခဲ့သူတယောက်ပါပဲ။ ဒါကြောင့် သူနဲ့ထိုးသတ်ယှဉ်ပြိုင်ရမှာကို တကယ့်ကိုပဲ
 စိတ်လှုပ်ရှားမိပါတယ်။ ဘယ်သူနဲ့ မဆို ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။”

“အခုအချိန်မှာတော့ လေ့ကျင့်ရေးကို အာရုံစိုက်ထားတယ်။ ဘယ်သူနဲ့မဆို ကျွန်တော် စမ်းသပ်ယှဉ်ပြိုင်ချင်တယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly