မတ် ၂၄ ရက် ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမှာ ကြိုတင်မဲ စတင်ပေး

မတ် ၂၄ ရက် ရွေးကောက်ပွဲမတိုင်ခင် ထိုင်းမှာ ကြိုတင်မဲ စတင်ပေး

ဘန်ကောက်၊ မတ် ၁၇ ။            ။ လာမယ့် မတ်လ ၂၄ ရက်ရွေးကောက်ပွဲအတွက် ပထမအဆင့်အနေနဲ့ ထိုင်းနိုင်ငံတစ်ဝှမ်းမှာတော့ ထောင်ပေါင်းများစွာသော မဲဆန္ဒရှင်ပြည်သူတွေဟာ မတ်လ ၁၇ ရက်မှာပဲ ကြိုတင်မဲတွေ စတင်ပေးနေကြပြီ ဖြစ်ပါတယ်။

ပြည်သူထောင်ပေါင်းများစွာတို့ကတော့ ယင်းနေ့က စာသင်ကျောင်းတွေ၊ ကားပါကင်တွေ၊ ဘုရားကျောင်းတွေမှာ စုရုံးရောက်ရှိနေခဲ့ကြပြီး နိုင်ငံမှာ ရှစ်နှစ်တာအတွင်း ပထမဆုံးကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်ကြိုတင်ပြီး မဲစတင်ပေးဖို့ စိတ်အားထက်သန်နေခဲ့ကြပါတယ်။

ပုံမှန်အားဖြင့်တော့ ကြိုတင်ပေးမဲပေးခြင်းလုပ်ငန်းစဉ်ဟာ ပြည်သူတွေ အားတက်သရော ရှိလှတဲ့ ဖြစ်စဉ်မျိုး မဟုတ်ပေမယ့် ယခု မတ် ၁၇ မှာတော့ ထိုင်းပြည်သူတွေဟာ မဲရုံအသီးသီးမှာ စုဝေးရောက်ရှိပြီး  စိတ်လှုပ်ရှားနေပုံ ပေါ်လွင်နေခဲ့ကြပါတယ်။

တရားဝင် ရွေးကောက်ပွဲနေ့ မတ် ၂၄ ရက်မတိုင်ခင်မှာပဲ ထိုင်း ပြည်သူပေါင်း ၂ ဒသမ ၃ သန်းကျော်လောက် ကြိုတင်မဲပေးသွားကြဖွယ် ရှိတယ်လို့ ခန့်မှန်းရပါတယ်။

နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄ အာဏာသိမ်းမှုမှာ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝါထရာ ပြုတ်ကျသွားပြီး နောက်တက်လာတဲ့ စစ်အစိုးရကတော့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေကို ကျင်းပပေးဖို့ ထပ်ခါတလဲလဲ နောက်ဆုတ်နေခဲ့တာဖြစ်ပါတယ်။

ယခုနှစ် ထိုင်းရွေးကောက်ပွဲမှာတော့ တရားဝင် မဲပေးခွင့် ရှိသူ ပြည်သူ ၅၁ သန်းကျော် ထိ ရှိနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required