နယူးဇီလန်မှာ ဗလီထဲ ဝင်ရောက်ပြီး လူပေါင်း ၅၀ နီးပါးကို ပစ်သတ်သူကို လူသတ်မှုနဲ့ စစ်ဆေးကြားနာ

နယူးဇီလန်မှာ ဗလီထဲ ဝင်ရောက်ပြီး လူပေါင်း ၅၀ နီးပါးကို ပစ်သတ်သူကို လူသတ်မှုနဲ့ စစ်ဆေးကြားနာ

ခရစ်ချက်ရှ်၊ မတ် ၁၆ ။            ။ နယူးဇီလန်နိုင်ငံမှာ ဗလီထဲ ဝင်ရောက်ပြီး လူပေါင်း ၄၉ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူကို တရားရုံးတစ်ရုံးက စနေနေ့မှာ လူသတ်မှုနဲ့ စစ်ဆေးကြားနာပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်် သြစတြေးလျနွယ်ဖွား ဘရန်တန်တာရန့်ဟာ လူဖြူကြီးစိုးရေးဝါဒီတစ်ဦး ဖြစ်ဖွယ်ရှိပြီး ခုလို ဗလီထဲ ဝင်ရောက်ပစ်ခတ်တာကိုလည်း ဗီဒီယို live လွှင့်ရင်း ကျူးလွန်ခဲ့တာပါ။

တရားရုံးဝက်ခြံထဲ ထောင်ဝတ်စုံအဖြူနဲ့ ဘရန်တန်ကို လက်ထိပ်ခတ်ထားလျက် စစ်ဆေးကြားနာရာမှာ တရားသူကြီးက လူသတ်မှု ပြစ်မှုကို ဖတ်ကြားပြပါတယ်။

 ဘရန််တန်ကို နောက်ထပ်ပြစ််မှုပြစ်ဒဏ်တွေနဲ့လည်း နောက်ပိုင်းမှာ စွဲဆိုလာဖို့ ရှိပါတယ်။

 ကိုယ်ကာယကြံ့ခိုင်ရေး နည်းပြဟောင်းနဲ့ လူမျိုးရေးခွဲခြားသူတစ်ဦးဖြစ်တဲ့ ဘရန်တန်ကို တရားရုံးကြားနာမှုမှာ  မီဒီယာရှေ့ ထုတ်ပြခဲ့ပြီး လုံခြုံရေးအကြောင်းပြချက်ကြောင့်် စစ်ဆေးကြားနာမှုကိုတော့ တံခါးပိတ် လုပ်ဆောင်ခဲ့တာပါ။

 အာမခံ လျှောက်ထားခြင်း မရှိခဲ့တဲ့ ဘရန်တန်ကို လာမယ့် ကြားနာမှု မတိုင်ခင် ဧပြီ ၅ ရက်အထိ ချုပ်နှှောင်ထားမှာ ဖြစ်ပါတယ်။

 အဆိုပါ ဗလီပစ်ခတ်မှုမှာ ဒဏ်ရာရသူ ၄၂ ဦးကိုလည်း ဆေးရုံမှာ ပြုစုကုသနေရဆဲ ဖြစ်ပါတယ်။ ဒီ ဒဏ်ရာရသူတွေမှာ လေးနှစ််သားအရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။

ဒီ ဗလီတိုက်ခိုက်မှုဟာဆိုရင် ယနေ့ကာလ အနောက်နိုင််ငံတွေမှာ အသေအဆုံးအများဆုံးသော မွတ်စလင်တွေကို တိုက်ရိုက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

 တရားရုံးအပြင်ဖက်မှှာတော့ ကျည်ကာအင်္ကျီတွေနဲ့ လက်နက်အပြည့်တပ်ဆင်ထားတဲ့ ရဲတွေဟာ လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။

 သေဆုံးဒဏ်ရာရသူတွေမှာ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားစတဲ့ မွတ်စလင်နိုင်ငံတွေက ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ပါဝင်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required