ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ ၁၈ အသင်း အိမ်ရှင်အသင်းနှင့် ယှဉ်ပြိုင်ရမည်

ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ ယူ ၁၈ အသင်း အိမ်ရှင်အသင်းနှင့် ယှဉ်ပြိုင်ရမည်
ဓာတ်ပုံ-မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

မတ်လ ၁၅ ။     ။ ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) မှ ကြီးမှူးကျင်းပမည့် ဗီယက်နမ် ယူ ၁၉  ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာရာ မြန်မာလက်ရွေးစင် ယူ ၁၈ အသင်း နှင့် အိမ်ရှင် ဗီယက်နမ်အသင်း တို့ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဗီယက်နမ် ယူ ၁၉  ဖိတ်ခေါ်ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်၊ မြန်မာအသင်း၊ထိုင်း နှင့် တရုတ်အသင်းတို႔ ဝင် ရောက် ယှဉ်ပြိုင်ကြမည့် ဗီယက်နမ် ယူ ၁၉  ဖိတ်ခေါ်ပြိုင်ပွဲကို အုပ်စုပတ်လည်စနစ်ဖြင့်  ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံးရသည့်အသင်း နှစ်အသင်းမှ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ လာမည့် မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်လုပွဲ နှင့် တတိယနေရာလုပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အမှတ်အနည်းဆုံးရ အသင်း ၂ သင်း မှာ တတိယလုပွဲ ကစားရမည် ဖြစ်သည်။

လာမည့် မတ်လ ၂၃ ရက်နေ႔ တွင် မြန်မာအသင်း နှင့် ဗီယက်နမ်အသင်း ၊ မတ်လ ၂၅ ရက်နေ့တွင် မြန်မာ အသင်းနှင့်တရုတ်အသင်း ၊ မတ်လ ၂၇ ရက်တွင် မြန်မာအသင်း နှင့် ထိုင်းအသင်းတို႔ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

မြန်မာယူ ၁၈ အသင်းအနေဖြင့် ပဏာမ ကစား ၂၆ ဦး ရွေးချယ်ထားပြီး ယခုပွဲအတွက် ကစားသမားကို အပြီးသတ် မရွေးချယ်ရသေးကြောင်း သိရသည်။

မြန်မာယူ ၁၈ အသင်း ၏ နည်းပြချုပ် ဦးစိုးမြတ်မင်းအနေဖြင့် ယခု ဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲသည် ၂၀၁၉ ခုနှစ်၏ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်ကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly