အိုးလ်ဟမ်းအသင်း နည်ပြရာထူးမှ ပေါလ်စခိုးလ် နုတ်ထွက်

အိုးလ်ဟမ်းအသင်း နည်ပြရာထူးမှ ပေါလ်စခိုးလ် နုတ်ထွက်

မန်ယူနှင့် အင်္ဂလန်အသင်းကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ဟာ အိုးလ်ဟမ်းအသင်းကို ၃၁ ရက်ကြာသာ ကိုင်တွယ်ရသေးပြီးနောက် နည်းပြရာထူးမှ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။

အသက် ၄၄ နှစ်အရွယ် ပေါလ်စခိုးလ်ဟာ League Two ကလပ် အိုးလ်ဟမ်းအသင်းကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၇ ပွဲကိုင်တွယ်ရာမှ နိုင်ပွဲ ၁ ပွဲသာ ရရှိခဲ့ပါတယ်။

စခိုးလ်ဟာ အသင်းကို တာဝန်ယူချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်ခဲ့ပြီး ကိုင်တွယ်စဉ်ကာလမှာလည်း အသင်းရဲ့ ရည်တည်မှု အခြေအနေမှာ အပြောင်းအလဲမရှိခဲ့တဲ့အတွက် အခုလို လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"ရာသီအကုန်အထိ ရလဒ်ကောင်းတွေ ပိုင်ဆိုင်သွားနိုင်ဖို့ ပရိသတ်တွေ၊ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် ကျနော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်တစ်ဦးအနေနဲ့ အသင်းကို ဆက်လက်အားပေးသွားမှာဖြစ်ပါတယ်။"လို့ စခိုးလ်က ပြောဆိုခဲ့ပါတယ်။

စခိုးလ်ဟာ ၂၀၁၀-၁၁ ရာသီကုန်မှာ ကစားသမားဘဝကနေ အနားယူမယ်လို့ အစောပိုင်းက ကြေညာခဲ့ပေမယ့် သူဟာ ၂၀၁၂ ခုနှစ်မှာ ပြနလည် ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ကစားသမားဘဝကနေ အနားယူသွားပါတယ်။

သူဟာ ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ဖလား ၁၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ကွန်မြူးနစ်တီးဒိုင်း ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် စခိုးလ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၆၆ ပွဲအထိ ကစားပေးခဲ့သူဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly