ပေါ်တိုအသင်းမှ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုကို ရီးယဲလ်အသင်း ၆ နှစ် စာချုပ်ဖြင့် ခေါ်ယူ

ပေါ်တိုအသင်းမှ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုကို ရီးယဲလ်အသင်း ၆ နှစ် စာချုပ်ဖြင့် ခေါ်ယူ
Photo: EPA

ပေါ်တိုအသင်းမှ ဘရာဇီးလ်နောက်ခံလူ မီလီတာအိုကို ၆ နှစ်စာချုပ်ချုပ်ဖြင့် ခေါ်ယူနိုင်ပြီဖြစ်တယ်လို့ ရီးယဲလ်မက်ဒရစ်အသင်းက ကစားသမားရဲ့ အပြောင်းအရွှေ့ကို ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

အသက် ၂၁ နှစ်သာရှိသေးတဲ့ မီလီတာအိုဟာ စက်တင်ဘာ ၁၁ ရက်က ဘရာဇီးအသင်းက ဆာဗေးဒေါအသင်းကို ၅-၀ ဂိုးနဲ့ အနိုင်ရတဲ့ ခြေစမ်းပွဲမှာ နိုင်ငံအသင်းအတွက် ပထမဆုံး ပွဲဦးထွက်ကစားခဲ့ပြီး မန်ယူနှင့် လီဗာပူးလ်အသင်းတို့ အပြိုင်လိုက်နေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

"ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တိုအသင်းတို့ဟာ မီလီတာအိုရဲ့ အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ကစားသမားဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိ သက်တမ်းရှိတဲ့ ၆ နှစ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးပါလိမ့်မယ်။"လို့ စပိန်ကလပ်အသင်းက ကြေညာချက်မှာ ပြောထားပါတယ်။

ရီးယဲလ်အသင်းကတော့ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို မဖော်ပြခဲ့ပေမယ့် ပေါ်တိုအသင်းက မက်ဒရစ်ဟာ ကစားသမားရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ပေးချေတယ်လို့ ကြေညာချက်မှာ ပြောပါတယ်။

မီလီတာအိုဟာ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းမှ ပေါ်တိုအသင်းဆီ ပြောင်းရွှေ့တာ ၁ နှစ်သာ ကြာမြင့်သေးပေမယ့် အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်လာပြီး ပေါ်တိုလိဂ်ရဲ့ လအလိုက်အကောင်းဆုံး နောက်တန်းကစားသမားဆုကို ၄ လဆက်တိုက် ရရှိထားသူလည်းဖြစ်ပါတယ်။

မီလီတာအိုဟာ တစ်ကျော့ပြန်နည်းပြ ဇီဒန်းလက်ထက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly