ဖေ့ဘွတ်ခ်အပါအဝင် လူမှုမီဒီယာတွေမှာ ချွတ်ယွင်းမှု ဖြစ်၍ ကမ္ဘာတစ်လွှားက အသုံးပြုသူသန်းပေါင်းများစွာ သုံးစွဲမရဖြစ်ခဲ့

ဖေ့ဘွတ်ခ်အပါအဝင် လူမှုမီဒီယာတွေမှာ ချွတ်ယွင်းမှု ဖြစ်၍ ကမ္ဘာတစ်လွှားက အသုံးပြုသူသန်းပေါင်းများစွာ သုံးစွဲမရဖြစ်ခဲ့

ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်တို့ကို ကမ္ဘာတစ်ဝန်းက အချို့သော အသုံးပြုသူသန်းပေါင်းများစွာဟာ ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်အသုံးပြုလို့ မရဘဲ ဖြစ်ခဲ့ပါတယ်။ ဖေ့ဘွတ်ခ်အနေနဲ့ ခုလို ဖြစ်တာဟာ သူ့ရဲ့သမိုင်းမှာ အဆိုးဝါးဆုံးလည်း ဖြစ်ပြီး အချိန်လည်း ကြာမြင့်တဲ့ ချွတ်ယွင်းမှု ဖြစ်ခဲ့ပါတယ်။

အသုံးပြုသူတွေအနေနဲ့ ဖေ့ဘွတ်ရော၊ အင်စတာဂရမ်ရောကို ဖွင့်နိုင်ပေမယ့် ပို့စ်တင်လို့မရတာ၊ မက်ဆေ့ချ်ပို့လို့ မရတာတွေ ကြုံတွေ့ရတာပါ။

ဖေ့ဘုတ်ကုမ္ပဏီအနေနဲ့ ခုလို ချွတ်ယွင်းမှု ပြဿနာမျိုးကို အသုံးပြုသူပေါင်း သန်း ၁၅၀ ရှိထားခဲ့ချိန် ၂၀၀၈ ခုနှစ်မှာလည်း တစ်ကြိမ် ကြုံဖူးပါတယ်။

အခုတစ်ကြိမ် ဖြစ်ပွားရာမှာတော့ ဖေ့ဘွတ်အသုံးပြုသူ ၂ ဒႆမ ၃ ဘီလီယံအထိ ရှိလာတဲ့အချိန်မှာ ထပ်မံကြုံတွေ့ရတာပဲ ဖြစ်ပါတယ်။

ဖေ့ဘွတ်၊ အင်စတာဂရမ်အပြင် WhatsApp မှာလည်း အလားတူပြဿနာမျိုး ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နယူးဇီလန်မှာဆိုရင် ဖေ့ဘုတ်နဲ့ အင်စတာဂရမ်တွေ သုံးစွဲမရလို့ ရဲတိုင်တာတွေကြောင့် ဒီလို တိုင်ကြားခြင်း မပြုကြဖို့ ရဲက မေတ္တာရပ်ခံထားရပါတယ်။

ခုလို ချွတ်ယွင်းမှု ဖြစ်ပေါ်ရတဲ့ အကြောင်းရင်းကို ဖေ့ဘွတ်ကုမ္ပဏီက လူသိရှင်ကြား တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒါပေမယ့် ကြာသပတေးနေ့ နံနက်ပိုင်းမှာတော့ ဖေ့ဘွတ်အက်ပ်ဟာ ပြန်လည်ကောင်းမွန်လာပုံရသလို အင်စတာဂရမ်ကလည်း ပြန်လည်ကောင်းမွန်ပြီလို့ ကြေညာချက် ထုတ်လာပါတယ်။

“ဖေ့ဘွတ်ရဲ့ မိသားစုအက်ပ်တွေကို သုံးစွဲသူတွေမှာ ပြဿနာကြုံရတာကို ကျွန်တော်တို့ သိရှိပါတယ်။ ဒီချွတ်ယွင်းမှု ပြဿနာကို ဖြေရှင်းနေပါပြီ။”လို့ ဖေ့ဘွတ်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ခုလို ဖေ့ဘွတ်ကို ဝင်မရဖြစ်တာဟာ DDoS ခေါ်တဲ့ ဆိုင်ဘာတိုက်ခိုက်တာကြောင့် ဖြစ်တယ်ဆိုတဲ့ ကောလဟလပို့စ်တွေတုံ့ပြန်ပြီး ကုမ္ပဏီက DDoS တိုက်ခိုက်ခံရတာ မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly