လီဗာပူးလ်ဟာ ‘ဥရောပထိပ်သီးအဆင့်ပြန်ဖြစ်လာပြီ’ - ယာဂန်ကလော့ပ်

လီဗာပူးလ်ဟာ ‘ဥရောပထိပ်သီးအဆင့်ပြန်ဖြစ်လာပြီ’ - ယာဂန်ကလော့ပ်
Photos: AFP & EPA

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ သူတို့ဟာ "ဥရောပဘောလုံးလောကရဲ့ ထိပ်သီးအသင်းအဆင့်ကို ပြည်လည်ရောက်ရှိလာပြီဖြစ်တယ်"လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ မာနေဆီက ဂိုး ၂ ဂိုး၊ နောက်ခံလူ ဗန်ဒိုက်ရဲ့ ဂိုးတစ်ဂိုးနဲ့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

"ဒုတိယပိုင်းမှာ တကယ့်ကို ရင့်ရင့်ကျက်ကျက် ကစားခဲ့ကြပါတယ်။"လို့ နည်းပြ ကလော့ပ်က ပြောပါတယ်။

"အသင်းဟာ ဒီပွဲမှာ ဘောလုံးကို ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ကျနော်တို့ ချက်ချင်းပဲ ဘိုင်ယန်ရဲ့ စုဖွဲ့ပုံကို ပျက်ပြားသွားအောင် ဖျက်ဆီးခဲ့တယ်။ ဒါဟာ လုံးဝထိုက်တန်ခဲ့ပါတယ်။"

လီဗာပူးလ်ရဲ့ နိုင်ပွဲကြောင့် အခုအခါမှာ စပါး၊ မန်ယူနဲ့ မန်စီးတီးတို့အပါအဝင် ပရီးမီးယားလိဂ်မှ ၄ သင်းအထိ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့နိုင်တာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေ ဒီလို စွမ်းဆောင်နိုင်တာကလည်း ၂၀၀၈-၀၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တခြား ကွားတာဖိုင်နယ်ရောက် အသင်းတွေကတော့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပေါ်တိုနဲ့ အေဂျက်စ်တို့ဖြစ်ပြီး မဲခွဲပွဲကို သောကြာနေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ကလော့ပ်က "ပြိုင်ဘက် ဘယ်သူနဲ့တွေ့တွေ့ ကျနော်တို့ ရင်ဆိုင်ပါလိမ့်မယ်။ ကျနော့်ကောင်လေးတွေဟာ ဒီပြိုင်ပွဲကို ချစ်မြတ်နိုးကြပြီး သူတို့ဟာ အခွင့်အရေးရတဲ့အချိန်လေးမှာပဲ တကယ်ပဲ စွမ်းဆောင်ပြနိုင်တယ်။ သူတို့ရဲ့စိတ်ဓာတ်ကလည်း အကောင်းဆုံးအနေအထားမှာ ရှိခဲ့ပါတယ်။ ရှေ့တန်း ၃ ယောက်ကလည်း ကောင်းမွန်လှပြီး သူတို့ဆီကနေ အကူအညီတွေ အများကြီးရခဲ့ပါတယ်။

"လီဗာပူးလ်အသင်းဟာ ဥရောပရဲ့ ထိပ်သီးအဆင့် ပြန်ဖြစ်လာပြီဆိုတာကို ကျနော်တို့ ဒီညမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။"

ဒါ့အပြင် မာနေသွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးနဲ့ ပတ်လက်လို့ ကလော့ပ်က "ပထမသွင်းကို ကျနော့်အနေနဲ့ အကြိမ် ၅၀၀ လောက် ပြန်ကြည့်သွားမှာပါ။ ဒီဂိုးကတော့ သပ်ရပ်ကောင်းမွန်လှတဲ့ ဂိုးတစ်ဂိုးဖြစ်ပြီး မာနေဟာ ဒါကို လုပ်ပြနိုင်ခဲ့ပါတယ်။"လို့ ချီးကျူးခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly