ဘရာဇီးမှာ စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်၍ ရှစ်ဦး သေဆုံး

ဘရာဇီးမှာ စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်၍ ရှစ်ဦး သေဆုံး

ဆော်ပေါလို၊ မတ် ၁၄ ။       ။ ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့အနီးက စာသင်ကျောင်းတစ်ကျောင်းကို ဗုဒ္ဓဟူးနေ့က လက်နက်ကိုင်နှစ်ဦး  ဝင်ရောက်ပစ်ခတ်၍ ကလေး လေးဦးအပါအဝင် လူရှစ်ဦးသေဆုံးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

စာသင်ကျောင်းက ကွင်းပြင်ထဲ ခြောက်လုံးပြူးသေနတ် ကိုင်ဆောင်ထားသူတစ်ဦးနဲ့ လေးနဲ့မြားလို လက်နက်မျိုး ကိုင်ဆောင်ထားသူတစ်ဦးတို့က စီးနင်းဝင်ရောက်လာပြီး ပစ်ခတ်ခြင်း ဖြစ်ကာ ၎င်းတို့ကိုကိုလည်း ပစ်သတ်ပြီး အဆုံးစီရင်သွားတာဖြစ်တယ်လို့ စစ်ဖက်ရဲဌာန ဗိုလ်မှူးကြီး မာစီလိုဆေးက ပြောပါတယ်။

ကွင်းပြင်ထဲက ကျောင်းသားတွေကို ပစ်ခတ်ပြီးနောက်မှာ ဒီလူနှစ်ဦးက ကျောင်းသားအချို့ ပုန်းအောင်းနေရာ ဘာသာစကားသင် စင််တာဆီ သွားရောက်ခဲ့တာ ဖြစ်ပြီး စင်္ကြံပေါ်မှာပဲ ကိုယ်ကိုကို အဆုံးစီရင်သွားကြတာ ဖြစ်ပါတယ်။ “တိုက်ခိုက်သူနှစ်ဦးအပါအဝင် လူရှစ်ဦးဟာ နေရာတင် သေဆုံးပါတယ်။ ဒဏ်ရာရသူနှစ်ဦးကတော့ ဆေးရုံမှာ သေဆုံးတာ ဖြစ်ပါတယ်။”လို့ စစ်ဖက်ရဲဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆော်ပေါလိုမြို့ပြင် ဆူဇာနိုအရပ်က အစိုးရကျောင်းမှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူ ၁၅ ဦးဝန်းကျင်ရှိတယ်လို့ သိရပါတယ်။“ကျွန်တော်  ကြုံဖူးသမျှမှာ ဝမ်းနည်းဖွယ်ရာ အကောင်းဆုံး ဖြစ်ရပ်ပါပဲ။”လို့ ဆော်ပေါလို ပြည်နယ်အုပ်ချုပ်ရေးမှူး ဒေါရီယာက ပြောခဲ့ပါတယ်။

ဘရာဇီးနိုင်ငံမှာ ကျောင်းတွင်း လူအများကို သတ်ဖြတ်မှုဖြစ်တဲ့ ခုဖြစ်ရပ်ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၁ ဧပြီလအတွင်းမှာလည်း ရီယိုဒီဂျနေးရိုးမြို့ပြင်က စာသင်ကျောင်းမှာ ကျောင်းသားလေးဦးက ကျောင်းသားငယ် တစ်ဒါဇင်ကို ပစ်သတ်ခဲ့ပြီး ဒီပစ်ခတ်မှုမှာ ဒဏ်ရာရသူ များစွာ ရှိခဲ့ပါတယ်။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အဖြစ်အများဆုံး တစ်နိုင်ငံလည်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ လူသတ်မှုပေါင်း ၆၄၀၀၀ မှု ဖြစ်ပွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required