ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ်အရေး စီမံချက်ကို လွှတ်တော်အမတ်တွေ ပယ်ချလိုက်ပြီးနောက် အီးယူပါလီမန်မှာ စကားဝိုင်းဖွဲ့ ဆွေးနွေး

ဝန်ကြီးချုပ်ရဲ့ ဘရစ်ဇစ်အရေး စီမံချက်ကို လွှတ်တော်အမတ်တွေ ပယ်ချလိုက်ပြီးနောက် အီးယူပါလီမန်မှာ စကားဝိုင်းဖွဲ့ ဆွေးနွေး

ဗြိတိန်လွှတ်တော်က ဥရောပသမဂ္ဂကနေ နိုင်ငံနုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ထရီဆာမေရဲ့ အစီအစဉ်ကို ဒုတိယအကြိမ်မြောက် ပယ်ချလိုက်ပြီးနောက် ဥရောပပါလီမန်က အဆိုပါ အီးယူမှ ဗြိတိန်နုတ်ထွက်တဲ့ ဘရစ်ဇစ်အရေးကို အထူးကိစ္စရပ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးကြပါတယ်။

ဝန်ကြီးချုပ် ထရီဆာမေနဲ့ အီးယူစေ့စပ်ညှိနှိုင်းသူတွေကြား ရရှိထားခဲ့တဲ့ ဘရစ်ဇစ်အရေး သဘောတူညီချက် အစီအစဉ်တွေကို အင်္ဂါနေ့မှာ ဗြိတိန်ပါလီမန်မှာ မဲပေးကြရာ လွှတ်တော်အမတ်တွေက ပယ်ချလိုက်တာ ဖြစ်ပါတယ်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ မဲအနိုင်ရပြီး ဖော်ဆောင်နေတဲ့ ဘရစ်ဇစ်အရေးဟာ အီးယူအဖွဲ့ကြီးကနေ ဗြိတိန်နုတ်ထွက်ရမယ့် ရက် ပြည့်ဖို့ ၁၆ ရက်သာ လိုတော့တဲ့အချိန်လည်း ဖြစ်ပါတယ်။

ခုလို ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဘရစ်ဇစ်နုတ်ထွက်မှု အစီအစဉ်တွေကို လွှတ်တော်အမတ်တွေက ပယ်ချလိုက်ပေမယ့် အီးယူအနေနဲ့ ဘရစ်ဇစ်အရေးကို ဘယ်လို ရှေ့တိုးဖော်ဆောင်မလဲဆိုတာ ဗြိတိန်ထံက အသံတွေကိုလည်း နားထောင်သင့်ကြောင်း စေ့စပ်ညှိနှိုင်းရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ဘန်နားက ပြောပါတယ်။

အီးယူနဲ့ ရရှိထားတဲ့ ဝန်ကြီးချုပ် ထရီဆာမေရဲ့ သဘောတူညီမှုကို ဇန်နဝါရီလအတွင်းက လွှတ်တော်မှာ အပြတ်အသတ် မဲဆုံးခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ်မေက ပြင်ဆင်မှု အချို့ လုပ်ဆောင်မယ် ပြောထားပြီး ခုလို လွှတ်တော်မှာ ဒုတိယအကြိမ် မဲခွဲ ဆုံးဖြတ်ရာမှာလည်း အရေးနိမ့်တာပဲ ဖြစ်ပါတယ်။ ဗြိတိန်အနေနဲ့ အီးယူက နုတ်ထွက်မှုကို မတ်လ ၂၉ ရက် နောက်ဆုံးထားပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly