ဝေဖန်မှုတွေ ရှိနေတဲ့ကြားက ကျင်းပတဲ့ ဗီယက်နမ်က ဆင်အပြေးပြိုင်ပွဲ

ဝေဖန်မှုတွေ ရှိနေတဲ့ကြားက ကျင်းပတဲ့ ဗီယက်နမ်က ဆင်အပြေးပြိုင်ပွဲ

မတ် ၁၃ ။        ။ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း တောင်ကုန်းဒေသမှာ Buon Don race လို့ခေါ်တဲ့ ဆင်အပြေးပြိုင်ပွဲတစ်ခုကို ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ကျင်းပခဲ့ပါတယ်။

ယင်း ဆင်အပြေးပြိုင်ပွဲကတော့ နှစ် နှစ်လျင် တစ်ကြိမ်ကျ ကျင်းပလေ့ ရှိပါတယ်။

ယင်းပြိုင်ပွဲကတော့ ဆင်တွေကို ဂုဏ်ပြုတဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။

နိုင်ငံ ဒက်ခ်လက်ခ် ပြည်နယ်မှာ ရှိတဲ့ ယင်းဒေသမှာတော့ ဒေသခံတွေဟာ ဆင်တွေကို ၎င်းတို့ရဲ့ မိသားစုဝင်တွေအဖြစ် ယူဆထားကြတယ်လို့ သိရပါတယ်။

သို့ပေမယ့် တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေကတော့ ယင်း ပွဲတော်ကျင်းပမှုကို ရပ်ဆိုင်းဖို့ တောင်းဆိုနေကြပါတယ်။ ဒါဟာ တိရစ္ဆာန်တွေအပေါ် နှိပ်စက်ညှင်းပန်းရာ ရောက်ပြီး ခေတ်ကာလနဲ့လည်း မအပ်စပ်တော့ဘူးလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ၂ နှစ်တစ်ခါ ကျင်းပတဲ့ အဆိုပါ Buon Don ဆင် ပွဲတော်တွင်းမှာတော့ ဆင်အပြေးပြိုင်တာအပြင်၊ ဘောလုံးပွဲတွေ၊ ရေကူးပွဲတွေလည်း ထည့်သွင်းကျင်းပတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required