မြန်မာဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ကော်မတီအသစ်ပြန်လည်ဖွဲ့စည်း

မြန်မာဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ကော်မတီအသစ်ပြန်လည်ဖွဲ့စည်း
ဓာတ်ပုံ - Myanmar Football Federation

မတ်လ ၁၃ ။        ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းများအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ခွဲရန် နည်းစနစ်ကော်မတီအသစ်ကို ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

အသစ်ထပ်မံဖွဲ့စည်းလိုက်သည့် နည်းစနစ်ကော်မတီအသစ်တွင် မြန်မာ့ဘောလုံး၏ ရွှေခေတ်၊ ငွေခေတ် လက်ရွေးစင်ကစားသမားဟောင်းများ၊ နည်းစနစ် ကျွမ်းကျင်သူများနှင့် MNL ကလပ်အသင်းများမှ တာဝန်ရှိ သူများလည်းပါဝင်လာခဲ့သည်။ နည်းစနစ်ကော်မတီအသစ်တွင် နယက အဖွဲ့ဝင်သုံး အထိပါဝင်လာပြီး  ရွှေခေတ်လက်ရွေးစင်ဟောင်းများ ဖြစ်ကြသည့် အာရှလက်ရွေးစင် ဂိုးသမားဟောင်း ဦးတင်အောင်၊ ယခင် MFF ဒုဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးဟောင်း ဦးဘန်နီတင်အောင် (ရွှေခေတ်လက်ရွေးစင်ဟောင်း ) ၊ MFF ဒုတိယဥက္ကဋ္ဌဟောင်း ရွှေခေတ်လက်ရွေးစင်ဟောင်း ဦးခင်မောင်ကြိုင် တို့ ဖြစ်ကြသည်။ ကော်မတီအသစ်တွင် ဥက္ကဋ္ဌအဖြစ် ဦးသန်းတိုးအောင် မှဆောင်ရွက် သွားမည်ဖြစ်ပြီး အဖွဲဝင်စုစုပေါင်း ၁၇ ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအသစ်ဖွဲ့စည်းလိုက်သည့်နည်းစနစ်ကော်မတီသည် မြန်မာ ယူ ၂၃ အသင်း၏ အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်နှင့် လက်ထောက်နည်းပြအဖြစ် ဦးဇော်ဝင်းထွန်း (မကွေး)တို့အား ခန့်အပ်တာဝန် ပေးခဲ့သလို မြန်မာ ယူ၁၉ အသင်း အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင် (တက္ကသိုလ်လက်ရွေးစင်ဟောင်းများအသင်း အတွင်း ရေးမှူး)အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ လူမူကွန်ယက်စာမျက်နှာ ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly