သြစတြေးလျ ကာဒီနယ် ဂျော့ဂျ်ပဲလ် လိင်စော်ကားမှုဖြင့် ထောင် ၆ နှစ် ချမှတ်ခံရ

သြစတြေးလျ ကာဒီနယ် ဂျော့ဂျ်ပဲလ် လိင်စော်ကားမှုဖြင့် ထောင် ၆ နှစ် ချမှတ်ခံရ

မတ် ၁၃ ။      ။ ဗာတီကန်မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး ဖြစ်ခဲ့တဲ့ ကာဒီနယ် ဂျော့ဂျ်ပဲလ် ကို သြစတြေးလျမှာ ကလေးသူငယ် လိင်စော်ကားမှု ပြစ်မှုနဲ့ မတ်လ ၁၃ ရက်မှာ ထောင်ဒဏ် ခြောက်နှစ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဂျော့ဂျ်ပဲလ်ကတော့ ဗာတီကန်ဘဏ္ဍာထိန်းအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သလို ၎င်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြစ်မှုတွေနဲ့ စွဲချက်တင်ခံရတဲ့ အဆင့်မြင့်ဆုံးသော ကက်သလစ် ဘုန်းတော်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံသား ဖြစ်တဲ့ ကာဒီနယ် ဂျော့ဂျ်ပဲလ်ဟာ ပုပ်ရဟန်းမင်းကြီးတွေ ရွေးချယ်တင်မြှောက်ရာမှာ ကူညီလုပ်ဆောင်ပေးရသူဖြစ်သလို တစ်နည်းအားဖြင့် ဗာတီကန်မှာ နံပါတ်သုံး အဆင့်ရှိ အဆင့်မြင့်ပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဂျော့ဂျ်ပဲလ်ကတော့ ၁၉၉၆ ခုနှစ်က မဲလ်ဘုန်းမြို့ ခရစ်ယာန် ဘုရားရှိခိုးကျောင်း အခန်းတွေထဲမှာ ဓမ္မတေး သံစုံကျူးအဖွဲ့ဝင် ယောကျ်ားလေးနှစ်ဦးကို လိင်စော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုပြီး စွဲဆိုမှုနဲ့ ရင်ဆိုင်ခဲ့ရကာ ယခုအခါ ယင်းအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၇၇ နှစ်အရွယ် ကာဒီနယ် ဂျော့ဂျ်ပဲလ်ကတော့ ၎င်းမှာ အပြစ်လုံ့ဝမရှိကြောင်းနဲ့ အယူခံ ဆက်တက်သွားမှာဖြစ်ကြောင်း လက်ရှိအချိန်ထိ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required