ဘရစ်ဇစ်အရေးအတွက် ဗြိတိန်အမတ်တွေ မဲပေးဆုံးဖြတ်ဖို့ ရှိနေ

ဘရစ်ဇစ်အရေးအတွက် ဗြိတိန်အမတ်တွေ မဲပေးဆုံးဖြတ်ဖို့ ရှိနေ

လန်ဒန်၊ မတ် ၁၂ ။           ။ မတ် ၂၉ ရက်မှာ အီးယူကနေ ဗြိတိန်နုတ်ထွက်မှုအတွက် ရှင်းလင်းတဲ့ လုပ်နည်းကိုင်နည်း သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာမယ့် မဲပေးမှုတစ်ရပ်ကို အင်္ဂါနေ့ (ဗြိတိန်စံတော်ချိန်) မှာ မဲပေးဆုံးဖြတ်ကြဖို့ ရှိနေပါတယ်။

လွှတ်တော်အမတ်တွေအနေနဲ့ ဝန်ကြီးချုပ် ထရီဆာမေရဲ့ အီးယူနဲ့ ရရှိထားတဲ့ ဘရစ်ဇစ် သဘောတူညီမှုကို ထောက်ခံမခံ မဲပေးကြမှာ ဖြစ်ပါတယ်။

အီးယူကနေ ဗြိတိန်နုတ်ထွက်မယ့် ဘရစ်ဇစ်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး ထောက်ခံမဲ အနိုင်ရထားတာ သုံးနှစ်နီးပါး ကြာမြင့်ပြီး နုတ်ထွက်ရမယ့် နောက်ဆုံးရက် မတ် ၂၉ ရက် နီးကပ်လာချိန်မှာ မရေရာမှုတွေက ဖြစ်တည်နေဆဲ ဖြစ်ပါတယ်။

အီးယူနဲ့ ရရှိထားတဲ့ ဝန်ကြီးချုပ် ထရီဆာမေရဲ့ သဘောတူညီမှုကို ဇန်နဝါရီလအတွင်းက လွှတ်တော်မှာ အပြတ်အသတ် မဲဆုံးခဲ့ပြီးနောက်မှာ ဝန်ကြီးချုပ်မေက ပြင်ဆင်မှု အချို့ လုပ်ဆောင်မယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

အဆိုပါ ပြင်ဆင်ချက်လုပ်မယ့် သဘောတူညီမှုကို မဲပေးဆုံးဖြတ်ကြမှာ ဖြစ်ပြီး ယခုအကြိမ်မှာ ဝန်ကြီးချုပ် ထရီဆာမေအနေနဲ့ မဲနိုင်မနိုင် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဥရောပကော်မရှင်ကတော့ အီးယူနဲ့ ထရီဆာမေတို့ရဲ့ ရရှိထားတဲ့ သဘောတူညီချက်ကို ပြင်ဆင်မှုကို လက်ခံပေမယ့် အခွင့်အရေးဆိုတာ သုံးခါမရှိနိုင်ဘူးလို့ သတိပေးပြောဆိုထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly