လုံခြုံဘေးကင်းမှု ကျိန်းသေတဲ့အထိ ဘိုရင်းလေယာဉ်တွေကို တရုတ်က ပိတ်ထားမည်

လုံခြုံဘေးကင်းမှု ကျိန်းသေတဲ့အထိ ဘိုရင်းလေယာဉ်တွေကို တရုတ်က ပိတ်ထားမည်

ပေကျင်း၊ မတ် ၁၂ ။          ။ ဘိုရင်းလေယာဉ်တွေ လုံခြုံရေးဘေးကင်းတာ သေချာအာမခံနိုင်တဲ့အထိ ပိတ်ထားမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အီသီယိုပီးယား လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုနဲ့ အင်ဒိုနီးရှားမှာလည်း အလားတူ ဘိုရင်းမော်ဒယ် ပျက်ကျမှု ဖြစ်စဉ်တွေကြောင့် Boeing 737 MAX 8 လေယာဉ်တွေကို အသုံးပြုတာ တားမြစ်ပိတ်ပင်တာဖြစ်ကြောင်း တနင်္လာနေ့မှာ တရုတ်က ကြေညာတာပါ။

ပြည်တွင်းလေကြောင်းလိုင်းတွေအနေနဲ့ Boeing 737 MAX 8 လေယာဉ်တွေကို မပျံသန်းဘဲ ရပ်နားထားရမှာ ဖြစ်ပါတယ်။

အဆိုပါ ဘိုးရင်းအမျိုးအစားလေယာဉ်တွေအနေနဲ့ ပျံသန်းမှု ဘေးကင်းတာကို ထိထိရောက်ရောက် ဆောင်ရွက်ထားကြောင်း အာမခံနိုင်တဲ့အချိန်အထိ ခုလို ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

ပေကျင်းမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ဟာလည်း အမေရိကန်ဗဟိုလေကြောင်းအာဏာပိုင်အဖွဲ့နဲ့ ဘိုးရင်းကုမ္ပဏီထံ ဆက်သွယ်သွားမှာလို့ ဆိုပါတယ်။

Boeing 737 MAX 8 လေယာဉ်တွေကို တရုတ်နိုင်ငံအပြင် စင်ကာပူ၊ သြစတြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကလည်း ပိတ်ပင်ထားပြီ ဖြစ်ပါတယ်။

အီသီယိုပီးယားလေကြောင်းလိုင်းမှာ တနင်္ဂနွေနေ့က Boeing 737 MAX 8 လေယာဉ်ပျက်ကျမှုဖြစ်ပြီး လူပေါင်း ၁၅၇ ဦး သေဆုံးခဲ့ရသလို အင်ဒိုနီးရှားနိုင်ငံမှာလည်း လွန်ခဲ့တဲ့ နှစ်လလောက်က ပျက်ကျမှုဖြစ်ခဲ့ပြီးနောက်မှာ ခုလို နိုင်ငံတွေက ဒီ ဘိုးရင်းလေယာဉ်တွေကို တားမြစ်ပိတ်ပင်လာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required