အင်ဒိုကလပ်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးသွားတဲ့ ရှမ်းယူနိုက်တက်

အင်ဒိုကလပ်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးသွားတဲ့ ရှမ်းယူနိုက်တက်
ဓာတ်ပုံ - ထွန်းထွန်းဝင်း

မတ်လ ၁၂ ။           ။ AFC Cup ပြိုင်ပွဲရဲ့ အုပ်စုဒုတိယမြောက်ပွဲစဉ်ဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် အင်ဒိုနီးရှား ကလပ် ပါစီဂျာဂျကာတာအသင်း တို့ မတ်လ ၁၂ ရက်နေ့ညနေ ၃ နာရီခွဲ အချိန်က ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းယူနိုက် တက်အသင်းက အင်ဒိုနီးရှားကလပ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

“ကျွန်တော်တို့အသင်းကဘောလုံးသမားတွေအားလုံး ဘယ်သူကိုမှအပြစ်မတင်ပါဘူး။ နည်းပြချုပ်လုပ်တဲ့ ကျွန်တော်မှာသာ တာဝန်ရှိပါတယ်။ကျွန်တော်စီမံခန်ခွဲ့တာည့ံလို့၊ အဲဒီအတွက် ကျွန်တော်တို့ရှမ်း ဘောလုံး သမားတွေပဲဖြစ်ဖြစ် ကျွန်တော်နဲ့ပတ်သက်တဲ့လူ အားလုံးမှတာဝန်ရှိပါတယ်။အဲတွက်တော့ ကစားသမားတွေကို အပြစ်မပြောလို့ပါဘူး "ဟု ရှမ်းယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်သူ ဦးမင်းသူ က ပွဲအပြီးသတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

 အဆိုပါပွဲစဉ်၏ ပထမပိုင်းတွင် အိမ်ကွင်းကစားရသည့် ရှမ်းယူနိုက်တက်အသင်းသည် အင်ဒိုနီးရှား ကလပ် အသင်းဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး  ပွဲကစားချိန် ၁၄ မိနစ်တွင် ကွင်းလယ်ကစားသမား နာကာမူရာ က ရှမ်းယူနိုက်တက်အသင်း အတွက် ဦးဆောင်ဂိုးကို စတင်သွားယူပေးခဲ့သည်။ထို့နောက် အင်ဒိုနီးရှား ကလပ် အသင်း၏ တန်ပြန်တိုက်စစ်များကို ရှမ်းယူနိုက်တက် ဂိုးသမားက အကောင်းဆုံး ကာကွယ်မှုများ ပြုလုပ်သွား နိုင်ခဲ့သည်။

 ဒုတိယပိုင်းစစချင်းတွင် ပါစီဂျာအသင်း မှဖိအားပေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ၆၅ မိနစ် တွင် ပါစီဂျာအသင်း မှ ချေပဂိုး ပြန်လည်ရရှိခဲ့သည်။ ထို့နောက် ဆက်လက်ယှဉ်ပြိုင်ကစားရာ ၇၆ မိနစ်တွင် ပါစီဂျာအသင်းမှ အနိုင် ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲပြီးခါနီးအချိန်ဖြစ်သည့် ပွဲကစားချိန် ၈၆ မိနစ်အရောက်တွင် ပါစီဂျာအသင်း ကပဲ တတိယမြောက် သွင်းဂိုးတစ်ဂိုးကို ထပ်မံ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုပွဲသည် ရှမ်းယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ရေးအတွက် ပိုမိုခက်ခဲသွားခဲ့ပြီဖြစ်သည်။

 ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ ့က AFC Cup ပြိုင်ပွဲ ၏ အဖွင့် ပွဲစဉ်ဖြစ်သည့် ဖိလစ်ပိုင်ကလပ် ဆဲရက်စ်နီဂရိုးစ်အသင်း နှင့်ယှဉ်ပြိုင်ကစားခဲ့ရာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly