ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက် အောင်သူနဲ့ ဇော်မင်းထွန်း ပြန်လာကစားမယ်

ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက် အောင်သူနဲ့ ဇော်မင်းထွန်း ပြန်လာကစားမယ်

မတ်လ ၁၂ ။                  ။ ဖီဖာ နိုင်ငံတကာခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ့် မြန်မာ့လက်ရွေးစင်အသင်းအတွက် ရှေ့တန်းလူ အောင်သူနဲ့ နောက်ခံလူ ဇော်မင်းထွန်းတို့ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ အသင်းနဲ့အတူ ပူးပေါင်းဖို့ ထိုင်းပရီးမီးယားလိဂ် ကနေ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။

တရုတ်(တိုင်ပေ)နဲ့  မတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီတွင် မန္တလာသီရိကစားကွင်းမှာ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပြီး  မတ်လ ၂၅ ရက်မှာ  ညနေ ၆ နာရီမှာ အင်ဒိုနီးရှားနဲ့ မန္တလာသီရိကစားကွင်းမှာ ခြေစမ်းပွဲ ကစားမှာပါ။

မြန်မာအသင်း နည်းပြချုပ် (ယာယီ) ဦးမျိုးမင်းထွန်း အနေနဲ့ ကစားသမားသစ် နှစ်ဦး ဖြစ်တဲ့ ၂၀၁၅ ဆီးဂိမ်းစ် ကြယ်ပွင့် ဧရာဝတီ နောက်တန်းအစွန်လူ ကျော်ဇင်လွင်နဲ့ ရတနာပုံရဲ့ ဟိန်းနေဆန်း တို့နှစ်ဦးကတော့ မြန်မာအသင်းနဲ့အတူ မန္တလေးမြို့မှာ ပူးပေါင်းလေ့ကျင့်နေပြီလို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ဖြစ်ပြီး ပွဲစဉ်တွေ အနိုင်ရတာနဲ့ မတ်လ ဖီဖာအဆင့် သတ်မှတ်ချက် မြင့်တက်လာမှာပါ။

အခြားနိုင်ငံတကာ အိုလံပစ်ခြေစစ်ပွဲအဖြစ် မြန်မာအမျိုးသမီးအသင်းနဲ့ ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်း ပွဲစဉ်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုင်းအသင်း မလာနိုင်ခဲ့ရင်လည်း ဗီယက်နမ် သို့မဟုတ် အသင်းကောင်း တစ်သင်းနဲ့ ကစားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required