အမေရိကန် ဖိအားပေးနေတဲ့ အီရတ်သို့ အီရန်သမ္မတ ပထမဆုံးခရီးစဉ် လာရေက်

အမေရိကန် ဖိအားပေးနေတဲ့ အီရတ်သို့ အီရန်သမ္မတ ပထမဆုံးခရီးစဉ် လာရေက်

ဘဂ္ဂဒက်၊ မတ် ၁၂ ။           ။ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီဟာ အမေရိကန်ရဲ့ ဖိအားကို တွန်းလှန်အာခံပြီး အီရတ်နိုင်ငံဆီ ပထမဆုံးခရီးစဉ်အဖြစ် တနင်္လာနေ့မှာ လာရောက်ပါခဲ့တယ်။

ရန်လိုတဲ့ အမေရိကန်နိုင်ငံက အီရတ်ကို အိမ်နီးချင်း အီရန််နဲ့ ဆက်ဆံရေး ကန့်သတ်ဖို့ ဖိအားပေးနေတာပဲ ဖြစ်ပါတယ်။

ရှီယိုက်အများစု အီရတ်နိုင်ငံဟာ ရန်ဖက်နှစ်နိုင်ငံဖြစ်ကြတဲ့ အီရန်နဲ့ အမေရိကန််တို့နဲ့ အဓိကမဟာမိတ်အဖြစ် ဆက်ဆံရေးကို ထိန်းသိမ်းပြီး နှစ်လမ်းသွားနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အီရန်နဲ့ ရင်းနှီးစွာ ဆက်ဆံရေး မပြုလုပ်ဖို့ အမေရိကန်ရဲ့ ဖိအားနဲ့ အီရတ်နိုင်ငံဟာ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ၂၀၁၅ အီရန်သဘောတူညီမှုကနေ ပြီးခဲ့တဲ့နှစ််က အမေရိကန် နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ အီရန်အပေါ် ပြန်လည်ပြဌာန်းလာပြီးနောက်ပိုင်းမှာ အီရတ်အပေါ် အမေရိကန်က ပိုမိုဖိအားပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

အီရန်သမ္မတ ရိုဟာနီရဲ့ အခု ပထမဆုံးအီရတ်ခရီးစဉ်မှာ အီရတ်ဝန်ကြီးချုပ် အက်ဘ်ဒဲလ်မာဟာဒီနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ အိမ်နီးချင်း အီရတ်နိုင်ငံနဲ့ အထူးဆက်ဆံရေး ကောင်းမွန်မှုရှိတာကို ရိုဟာနီက အမွှမ်းတင်ပြောဆိုရင်း အီရန်နဲ့ အီရတ်ရဲ့ ဆက်ဆံရေးဟာ အမေရိကန်လို ရန်လိုတဲ့ နိုင်ငံမျိုးနဲ့ ဆက်ဆံရေးနဲ့ မနှိုင်းနိုင်ဘူးလို့လည်း ရိုဟာနီက ပြောခဲ့ပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required