"စမတ်စီးတီး ဘာလဲ၊ ဘယ်လဲ"ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

"စမတ်စီးတီး ဘာလဲ၊ ဘယ်လဲ"ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ မန္တလေးတွင် ပြုလုပ်မည်

မန္တလေး၊ မတ်လ ၁၁ ။       ။ "စမတ်စီးတီး ဘာလဲ၊ဘယ်လဲ"ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မတ်လ ၁၄ ရက်၊နံနက် ၁၀ နာရီတွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊၂၈ လမ်းနှင့်၂၉ လမ်းကြား ၊မြနန္ဒာလမ်းသွယ်ရှိ မန္တလေး သတင်းစာပညာကျောင်းတွင် ပြုလုပ်သွားမည်ဟု ဦးစန်းယုကျော်(တာဝန်ခံ၊ မန္တလေးသတင်းစာပညာကျောင်း) က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲကို မန္တလေးသတင်းစာပညာကျောင်းမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး သတင်းစာဆရာများကို သတင်းစာပညာများနှင့်အသိပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများအပါအဝင် ယခုလို ဆွေးနွေးပွဲများ မန္တလေးသတင်းစာပညာကျောင်းမှ ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

A Buddhist monk passes the old palace where Myanmar's last King Thi Baw was dethroned photo information Photo-Nyein Chan Naing/EPA

"အဓိကကတော့ သတင်းစာဆရာတွေအတွက် ရည်ရွယ်တာပါ။ သတင်းရေးတဲ့အခါမှာ ပိုမိုတိကျပြီးတော့ ဘက်ဂရောင်း( နောက်ခံအကြောင်းအရာများ) တွေ ရအောင်လို့ပါ"ဟု ဦးစန်းယုကျော်က ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် Smart City Officer ဖြစ်သူ ဦးရဲမြတ်သူနှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဆန်းမြင့်(ကျော်ရင်မြင့်)တို့က ဦးဆောင်ဆွေးနွေးမည် ဖြစ်သည်။

ဦးရဲမြတ်သူနှင့်ဦးကျော်ဆန်းမြင့်(ကျော်ရင်မြင့်)တို့က “ စမတ်စီးတီးဆိုတာ ဘာလဲ၊ မန္တလးမြို့ကို စမတ်စီးတီး ဖြစ်ဖို့ ဘာတွေလုပ်ခဲ့ ပြီးပြီလဲ၊ ဘာတွေလုပ်နေလဲ၊ ၂၀၂၀ မတိုင်ခင်အထိ မန္တလေးမြို့ကို စမတ်စီးတီး ပိုမို ပီပြင်လာအောင် ဘာတွေလုပ်ဖို့ရှိနေလဲ ” စသည်ဖြင့် ဆွေးနွေးသွားကြမည်ဖြစ်ပြီး တက်ရောက်သူများကလည်း ဆွေးနွေးမေးမြန်းနိုင်သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုသည့်သတင်းစာဆရာများအနေဖြင့် ဖုန်း ၀၉၂၀၂၇၅၁၇ သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required