ပြင်သစ်တာယာ ကုမ္ပဏီ MICHELIN က ၎င်း၏ ထုတ်ကုန်သစ်သုံးမျိုး မြန်မာနိုင်ငံတွင် မိတ်ဆက်

ပြင်သစ်တာယာ ကုမ္ပဏီ MICHELIN က ၎င်း၏ ထုတ်ကုန်သစ်သုံးမျိုး မြန်မာနိုင်ငံတွင် မိတ်ဆက်

ပြင်သစ်တာယာ ကုမ္ပဏီ MICHELIN က မြန်မာနိုင်ငံမြို့ကြီးငါးမြို့ဖြစ်သည့်  ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မိတ္ထီလာနှင့် နေပြည်တော်တို့တွင် ၎င်း၏ ထုတ်ကုန်သစ် သုံးမျိုးကို စက်တင်ဘာလအတွင်း မိတ်ဆက်လိုက်သည်။

ယင်းထုတ်ကုန်သစ်သုံးမျိုးသည် MICHELIN XM-2 (လူစီးကားများအတွက်ဖြစ်ပြီး)၊ မြန်မာပြည်၏ အသုံးအများဆုံးဆိုဒ်ဖြစ်သည့် 165/80R13 အပါအဝင် ဖြစ်သည်။ ယင်းအပြင် အပြင် MICHELIN Primacy SUV (SUV ကားများအတွက် မြို့တွင်းသုံးတာယာ)၊ BF Goodrich KO2  (SUV ကားများအတွက် မြို့တွင်း နှင့် လမ်းကြမ်းသုံးတာယာ)တို့ကို မိတ်ဆက်ခဲ့သည်။

Michelin သည် ၎င်းတို့၏ ထုတ်ကုန်များကို နောက်ဆုံးပေါ်နည်းပညာ "Total Performance" ဖြင့်ထုတ်လုပ်ထားသည်ဟုဆိုသည်။

MICHELINတာယာများအတွက် မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် EDC (MYANMAR ESTY DISTRIBUTION CO., LTD)ကို ခန့်အပ်ထားပြီး EDC၏ ကိုယ်စားလှယ်ဆိုင်များတွင် ၆နှစ်အာမခံသည့် MICHELINတာယာများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly