မန်ယူကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာပြီးကတည်းက အိပ်မပျော်ဖြစ်ခဲ့တဲ့ အမ်ဘာပေ

မန်ယူကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာပြီးကတည်းက အိပ်မပျော်ဖြစ်ခဲ့တဲ့ အမ်ဘာပေ
Photo: EPA

ပီအက်စ်ဂျီတိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေက မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး သူတို့အသင်း ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်ကနေ ထွက်ခွာပြီးကတည်းက သူ့အနေနဲ့ အိပ်မပျော်နိုင်ခဲ့ဘူးလို့ ပြောပါတယ်။

ပထမအကျော့ အိုးထရက်ဖို့ဒ်ကွင်းမှာ ၂-၀ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပြင်သစ်ချန်ပီယံဟာ ရပ်ဖို့ဒ်ရဲ့ ပင်နယ်တီ နောက်ကျဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွွာခဲ့ရတာပါ။

ကာတာကျောထောက်နောက်ခံ ပီအက်စ်ဂျီအသင်းဟာ ရင်းနှီးမြှုပ်နှံမှု အများအပြားပြုလုပ်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ကျော်လွန်ပြီး တက်ရောက်နိုင်ခဲ့ခြင်းတော့ မရှိသေးပါဘူး။

“ကျနော် အံ့အားသင့်ခဲ့ရပါတာ်။ ကျနော်တို့ဟာ ဒီအခြေအနေရောက်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရပါတယ်။”လို့ အမ်ဘာပေက ပြင်သစ်ရုပ်သံလိုင်း TF1 ကို ပြောဆိုခဲ့ပါတယ်။

“ကျနော် ဘယ်လိုမှ အိပ်မပျော်နိုင်ခဲ့ပါဘူး။ လူတိုင်းလည်း ကျနော်နဲ့အတူတူဖြစ်မယ်လို့ သေချာပါတယ်။

“ရိုးရိုးသားသားပြောရရင် ဒါကို လက်ခံပေးဖို့ ခက်ခဲလှပါတယ်။ ဘာကြောင့်လဲဆိုရင် ချန်ပီယံလိဂ်ဆွတ်ခူးဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ခဲ့လို့ပါပဲ။ ကွင်းထဲမှာတော့ ခမ်းနားထည်ဝါမှုအတိဖြစ်ခဲ့တယ်။ ဒါကို ကျနော်တို့ ဖျက်ဆီးခဲ့သလိုဖြစ်ခဲ့တယ်။ ကျနော်တို့က ဖျက်ဆီးဖို့ မလိုချင်ခဲ့ပေမယ့် အဆုံးမှာ ကျနော်တို့ ဒါကို ပြုလုပ်ခဲ့ပါတယ်။”

မိုနာကိုအသင်းကနေ ပေါင် ၁၆၆ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးရယူထားတဲ့ အသက် ၂၀ အရွယ် ကစားသမားက သူဟာ လာမယ့်ရာသီမှာ အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ဂတိပြု ပြောဆိုထားပါတယ်။

လက်တလောမှာ ဒေါသထွက်နေတဲ့ ပရိသတ်များကြောင့် ကလပ်အသင်းဟာ လုံခြံရေး စိုးရိမ်မှုများအရ တနင်္ဂနွေနေ့ရဲ့  လေ့ကျင့်ရေးအစီအစဉ်ကို လေ့ကျင့်ရေးကွင်းမှ သူတို့ရဲ့ အားကစားကွင်းဆီ ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required