မြန်မာ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သက်သာခွင့်များကို လျော့ချရန် စီစဉ်

မြန်မာ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သက်သာခွင့်များကို လျော့ချရန် စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၃ ။        ။ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပေးထားသည့် အခွင့်အလမ်းမက်လုံးများကို လျှော့ချမည့် ဥပဒေတစ်ရပ်အား ပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ခေါ်ယူသွားရန် စီစဉ်လျှက်ရှိကြောင်း သမ္မတဦးသိန်းစိန်၏ စီးပွားရေးဆိုင်ရာ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်က စင်ကာပူတွင် ပြုလုပ်သည့် အင်တာဗျူးတစ်ခု ၌ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အက်ဥပဒေတွင် ပြည်ပမှတင်သွင်းလာသည့် ကားအချို့အပေါ် အခွန်သက်သာခွင့် ဖယ်ရှားပြီး အစိုးရမဟုတ်သောအဖွဲ့အစည်းများက တင်သွင်းလာသည့် အခွန်လွတ် ကုန်ကြမ်းပစ္စည်းများအပေါ်တွင်လည်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ မက်လုံးအချို့က မလိုအပ်တော့ဘူးလို့ ထင်ပါတယ်။ ဒီသက်သာခွင့်တွေက အားသာမှုမရစေပါဘူး။မြန်မာနိုင်ငံအနေနဲ့ တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာတာကိုပဲ မျှော်လင်ပါတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းသို့ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၁၀ ဆ မြင့်တက်ကာ အမေရိကန် ၄ ဒသမ ၁ ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း Chatham House မှ ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly