One Welterweight ချန်ပီယံနေရာအား Zebaztian ဆက်ထိန်းထားနိုင်

One Welterweight ချန်ပီယံနေရာအား Zebaztian ဆက်ထိန်းထားနိုင်
မတ်လ ၅ ရက်က ကစားသမားများအကြိုမိတ်ဆက်ပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ-သူရ၊ မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၉ ရက် ။        ။ ONE: REIGN OF VALOR ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းများအဖြစ် ONE ဝယ်သာဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သူ ဆွီဒင်နိုင်ငံသား Zebaztian Kadestam သည်  ကာဇက်စ္စတန် နိုင်ငံသား Georgiy  Kichigin နှင့် ယှဉ်ပြိုင်ရာ Zebaztian Kadestam က ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်ခဲ့သည်။

လက်ရှိချန်ပီယံ ဇီဘာစတန်အနေဖြင့် ပြိုင်ဘက်ကစားသမား Georgiy ကို ပထမအချီ ယှဉ်ပြိုင်ထိုးသတ်ရာတွင် လက်သီးဖြင့် ယှဉ်ပြိုင်ထိုးသတ်သည့် တိုက်ကွက်များ အနည်းငယ်သာ အသုံးပြုခဲ့ရပြီး

ချုပ်ကွက်များ ဖြင့်သာ ပထမအချီကို ပြီးဆုံးစေခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ပြီး ဒုတိယအချီတွင် အပြန်အလှန် တိုက်ကွက်ဖော်ဆောင်နေကြပြီး ဇီဘာစတန် အနေဖြင့် ချုပ်ကွက် အသုံးပြုပြီး စိန်ခေါ်သူ Georgiy ကို ထိုးသတ်နိုင်ခဲ့ခြင်းကြောင့် Georgiy အနေဖြင့် အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့ ၂ ဦးသည် မတ်လ ၈ ရက်နေ့၊ ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပပြုလုပ်ခဲ့သည့် MMA ပြိုင်ပွဲ၏ အဓိက တွဲဆိုင်းလည်း ဖြစ်သည်။

အခြား တွဲဆိုင်းများအနေဖြင့် Toni Tauru သည် ကနေဒါနိုင်ငံ၊ British Columbia ပြည်နယ်၊ Williams Lake မှ Gary Mangat နှင့် လည်းကောင်း ၊ မြန်မာနိုင်ငံသူ Bozhena Antoniyar က မလေးရှားနိုင်ငံ မှ Audreylaura Boniface နှင့် လည်းကောင်း ၊ တက်သစ်စ ဖိလစ်ပိုင် ကိုယ်ခံပညာကစားသမား Jomary Torres သည် တရုတ်ကိုယ်ခံပညာ ကစားသမား Heqin နှင့်လည်းကောင်း ၊ Tial Thang သည် ကမ္ဘောဒီယား ခမာလက်ဝှေ့ကစားသမား Rin Saroth  နှင့်လည်းကောင်း၊ မြန်မာကစားသမား ဖိုးသော်သည် အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo နှင့် လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။

One : Reign of Valor ပြိုင်ပွဲမှာ  မြန်မာကစားသမားများဖြစ်သော ဖိုးသော်၊ ချင်းကစားသမားသစ် တီရဲလ်ထန် နှင့်အန်တိုနီယာတို့ကလည်း အသီးသီး နိုင်ပွဲရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly