ကြိုးဝိုင်းထဲမှာ နိုင်ပွဲ ပြန်တွေ့ခဲ့တဲ့ မြန်မာကစားသမား ဖိုးသော်

ကြိုးဝိုင်းထဲမှာ နိုင်ပွဲ ပြန်တွေ့ခဲ့တဲ့ မြန်မာကစားသမား ဖိုးသော်
ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ

မတ်လ ၈ ။        ။ အသက် ၃၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဖိုးသော်က ပြိုင်ဘက်ကစားသမား လီဂိုဝိုနဲ့ ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ ပထမအချီ ပြီးခါနီးတွင် ချုပ်ကွက်များ၊ လက်သီးချက်များဖြင့် အနိုင်ရခဲ့ပါတယ်။

ပွဲစပြီး ပထမပိုင်းတွင် ဖိုးသော်က ပြိုင်ဘက်ကစားသမားကို ဖိအားပေး ယှဉ်ပြိုင်ပြီး ၂ မိနစ်ကျော်အရောက်တွင် စတင်ချုပ်ကွက်ဖြင့် ပြိုင်ဘက်ကစားသမားကို အနိုင်ယူဖို႔ အခွင့်အရေးရခဲ့ပေမယ့်

ပြိုင်ဘက်ကစားသမား လီဂိုဝိုက  ပြန်လည်တိုက်ခိုက်ပြီး ဖိုးသော်ကို ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးခါနီးတွင် ဖိုးသော်က ချုပ်ကွက်များ ၊ လက်သီးထိုးချက်တွေနဲ့ လီဂိုဝိုကို အနိုင်ယူနိုင်ခဲ့တာပါ။

" ဒီပွဲမှာ အနိုင်ရတာနဲ ့ပတ်သက်ပြီး ကျွန်တော်ဂုဏ်ယူပါတယ်။ ကျွန်တော်ကို အားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီည အရမ်းပျော်ပါတယ်။ ကမ္ဘာပတ်ပြီးတော့ မြန်မာနိုင်ငံဂုဏ်ကို ဆောင်နိုင်အောင် ကြိုးစားသွားမှာပါ " လို့ ဖိုးသော်က ပြောပါတယ်။

မတ်လ ၈ ရက်နေ့၊ ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပပြုလုပ်ခဲ့တဲ့ MMA ပြိုင်ပွဲ One : Reign of Valor ပြိုင်ပွဲမှာသူ့အနေနဲ့ နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တာပါ။

ဒီနေ့ပွဲအတွက် ဖိုးသော်ဟာ နပန်းကိုအဓိကထားလေ့ကျင့်ထားပြီး ၂ ချီအတွင်း အနိုင်ယူဖို ့Game Plan လည်း ဆွဲထားတယ်လို့ မတ်လ ၅ ရက်နေ့က Transcend Gym မှာ ပွဲကြိုမိတ်ဆက်ပွဲတုန်းက ပြောထားပါတယ်။

ဖိုးသော်က ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပတဲ့ MMA (one Championship) ဖယ်သာဝိတ်တန်းစိန်ခေါ်ပွဲတွင် မလေးရှားဖိုက်တာ ကနူးဆူးဘားကို ပထမအချီမှာရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် ဖိုးသော်ဟာ MMAပြိုင်ပွဲ ၇ ပွဲ ယှဉ်ပြိုင်ကစားထားပြီး ၆ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားတာပါ။

အသက်၃၈ အရွယ် လီဂိုဝိုသည့် MMA ပြိုင်ပွဲတစ်လျှောက်၁၅ ပွဲထိုးသတ်ကာ  ၈ ပွဲနိုင်၊ ၇ ပွဲ ရှုံးနိမ့်ထားပါတယ်။

One : Reign of Valor ပြိုင်ပွဲမှာ ဖိုးသော်အပြင် ချင်းကစားသမားသစ် တီရဲလ်ထန် နဲ့ အန်တိုနီယာတို့ကလည်း အသီးသီး နိုင်ပွဲရရှိထားပါတယ်။

 

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly