ထိုင်းမှာ လူနာတွေကို ဆေးခြောက်ဆီနဲ့ စမ်းသပ်ကုသရန် စတင်လုပ်ဆောင်ပြီ

ထိုင်းမှာ လူနာတွေကို ဆေးခြောက်ဆီနဲ့ စမ်းသပ်ကုသရန် စတင်လုပ်ဆောင်ပြီ

ဘန်ကောက်၊ မတ် ၈ ။        ။ ထိုင်းနိုင်ငံဟာ ဆေးခြောက်ဆီကို လူနာတွေမှာ ပထမဆုံး စမ်းသပ်ကုသဖို့ စတင်နေပြီဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။

တကယ်လို့ ထိခိုက်နာကျင်တဲ့ လူနာတွေကို အနာသက်သာလျော့ပါးရေးအတွက် ဆေးခြောက်ဆီနဲ့ ကုသပေးနိုင်လာတဲ့အခါမှာ စွန့်ဦးထုတ်လုပ်တဲ့ လူတွေအတွက် ငွေဝင်လမ်း ဖန်တီးနိုင်မယ့် အခွင့်အရေးအဖြစ်လည်း စိတ်ပါဝင်စားစွာ စောင့်ကြည့်နေရတာလည်း ဖြစ်ပါတယ်။

ဆေးခြောက်ကို ထိုင်းနိုင်ငံမှာ တိုင်းရင်းဆေးအဖြစ် ရာစုနှစ်များစွာ အသုံးပြုခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလအတွင်းမှာတော့ ထိုင်းစစ်အစိုးရရဲ့ လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော်ကနေ မဲခွဲဆုံးဖြတ်ပြီး ဆေးဝါးအတွက် ရည်ရွယ်ချက်နဲ့ ဆေးခြောက်ကို တရားဝင်အတည်ပြုခဲ့တာပါ။

ဒီအတွက်ကြောင့် အပန်းဖြေမှုအတွက် ဆေးခြောက် သုံးစွဲတာကို တရားမဝင်အဖြစ် သတ်မှတ်ထားဆဲဖြစ်ပေမယ့် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးစွဲခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။

အခုဆိုရင် နိုင်ငံတော်ခွင့်ပြုတဲ့ ဆေးရုံဆေးခန်းတွေမှာ ရွေးချယ်ထားတဲ့ လူနာတွေကို ဆေးခြောက်ဆီ ပေးပြီး သက်ရောက်မှုကို စမ်းသပ်မယ့် လုပ်ငန်းစဉ်ဟာ ဇူလိုင်လအစောပိုင်းလောက်မှာပဲ စတင်ဖို့ ရှိနေပြီဖြစ်တယ်လို့ အစိုးရဆေးဝါးသုတေသနအဖွဲ့ GPO က သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန ညွှန်ကြားရေးမှူး နန်တက်ခန်ဆူဝန်ပက်ဒိုကူးက ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ဆေးခြောက်ပင်တွေကို နောက်ဆုံးအဆင့် အဆီထုတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ စမ်းသပ်ကုသမှုကိုတော့ ဇူလိုင် ဒါမှမဟုတ် သြဂုတ်လမှာ စတင်ဖြစ်ဖို့ မျှော်လင့်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required