အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ တပ်နှင့်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ နှုတ်ဆိတ်နေ

အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ တပ်နှင့်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ နှုတ်ဆိတ်နေ
မတ် ၇ ရက်က ကျင်းပသည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်လာသော တပ်မတော်သား ကိုယ်စားများ (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

နေပြည်တော်၊ မတ် ၈ ။           ။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးကိုမတ်လရက်နေ့ကပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမတွင်တံခါးပိတ်ဆွေးနွေးခဲ့ပြီးတပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များကပြင်ဆင်ချက်တင်သွင်းခြင်းမရှိဘဲနှုတ်ဆိတ်နေခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ပူးပေါင်းကော်မတီကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်ကအစည်းအဝေးဆွေးနွေးပွဲတွင်တပ်နှင့်ပြည်ခိုင်ဖြိုးပါတီတို့အတွက်အကြံပြုစရာကောင်းသည့်အချက်များရှိနေပြီးဝင်ရောက်မဆွေးနွေးခြင်းမှာ၎င်းတို၏ရပ်တည်ချက်သာဖြစ်ကြောင်းပြောသည်။

အခန်း () နဲ့ပတ်သက်လို့သူတို့အနေနဲ့ပြင်ဆင်စရာမရှိဘူး။ မူလအတိုင်းပဲ။ ပြင်ဆင်စရာမရှိတဲ့အတွက်ဒီအခန်းတွေမှာမပါဘူး။သူတို့ပြင်ဆင်စရာရှိတယ်ဆိုတဲ့အပိုင်းတွေမှာပြင်ဆင်စရာတွေပေါ်လာနိုင်တာပေါ့ဟု၎င်းကပြောသည်။

ထိုသို့ဝင်ရောက်မဆွေးနွေးခြင်းမှာNLDနှင့်တိုင်းရင်းသားပါတီများက တင်သွင်းသည့်ပြင်ဆင်ချက်များကို တပ်မတော်နှင့်ပြည်ခိုင်ဖြိုးပါတီတို့က လက်ခံသည့်သဘောထားမျိုးမဟုတ်ဘဲ မူလအတိုင်းသာထားရှိလိုသည့် သဘောထားမျိုးဖြစ်သည်ဟု၎င်းကအစည်းအဝေးခန်းမကအထွက်တွင်ပြောသည်။

ယနေ့ဆွေးနွေးပွဲတွင်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း () ပါနိုင်ငံတော်၏အခြေခံမူ၄၈ချက်ကိုစတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုအခန်းတွင်တပ်မတော်၏ပါဝင်မှုကိုခိုင်မာစေသည့်ပုဒ်မ() “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက်ဦးတည်သည်ဟူသည့်အချက်လည်းပါဝင်သည်။

ထိုအချက်များကိုပြင်ဆင်လိုပါကတပ်မတော်ကတိုက်ရိုက်တင်မြှောက်ထားသည့်တပ်ကိုယ်စားလှယ်၂၅ရာခိုင်နှုန်းရှိနေသည့်ပြည်ထောင်စုလွှတ်တော်တွင်ရွေကောက်ခံကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်၏ထောက်ခံမှုဖြင့်ပြင်ဆင်ရမည်ဖြစ်သည်။ ၇၅ရာခိုင်နှုန်းကျော်ကိုရရှိရန်မှာတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ထောက်ခံမှုလိုအပ်မည်ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးပူးတွဲကော်မတီဝင်ရခိုင်အမျိုးသားပါတီလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျော်ဇံကတပ်နှင့်ပြည်ခိုင်ဖြိုးကပြင်ဆင်ချက်တင်သွင်းခြင်းမရှိသလိုအခြားကိုယ်စားလှယ်များ၏ပြင်ဆင်ချက်ကိုလည်းသဘောထားပေးခြင်းမရှိဘဲအစည်းအဝေးမှတ်တမ်းသာရယူသွားကြောင်းပြောသည်။

သူများပါတီတွေပြောဆိုတဲ့အပေါ်မှာမှတ်တမ်းတော့ယူတယ်။လွှတ်တော်ကျရင်တော့ဘယ်လိုလုပ်မလဲတော့မသိဘူး။ မှတ်တမ်းတော့ယူတယ်ဟု၎င်းကပြောသည်။

တပ်နှင့်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များကပြင်ဆင်ချက်တင်ပြထားခြင်းမရှိဘဲ၊အစီရင်ခံစာကိုလွှတ်တော်သို့တင်သွင်းသည့်အခါတွင်ပြင်ဆင်ချက်မတင်သွင်းသည့်အပေါ်ကျိုးကြောင်းဖော်ပြချက်များပါဝင်လာနိုင်ဖွယ်ရှိသည်ဟုပူးပေါင်းကော်မတီအတွင်းရေးမှူးဒေါက်တာမြတ်ဉာဏစိုးကဆိုသည်။

လွှတ်တော်ကိုတင်သွင်းသည့်အခါမှာ ဘာကြောင်မို့လို့ပြင်ဆင်ချက်မရှိရသလဲဆိုတဲ့ဒီလိုမျိုးကျိုးကြောင်းဖော်ပြချက်တွေလည်း ပါဝင်လာနိုင်ပါတယ်ဟု၎င်းကပြောသည်။

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီမှပူးပေါင်းကော်မတီဝင်ဦးဂင်ကမ်းလျန်ကတပ်မတော်သား အစုအဖွဲ့ နှင့်ပြည်ခိုင်ဖြိုးတို့သည်အခြေခံဥပဒေပုဒ်မ() “နိုင်ငံရေးတွင်တပ်မတော်သည်ဦးဆောင်သည့်အခန်းကဏ္ဍကပါဝင်ရန်ဆိုသည်အချက်ကိုမှတ်ချက်ပေးခဲ့ခြင်းမရှိဘဲ၊ နိုင်ငံရေးပါတီငါးခုကထိုအချက်ကိုပယ်ဖျက်ရန်အကြံပြုဆွေးနွေးခဲ့ကြကြောင်းပြောသည်။

၎င်းအနေဖြင့်ထိုအချက်ကိုမှတ်ချက်ပေးခဲ့ခြင်းမရှိဘဲပုဒ်မ(၈)နိုင်ငံတော်ကိုပြည်ထောင်စုစနစ်ဖြင့်တည်ဆောက်သည်ဆိုသည့်အချက်ကိုနိုင်ငံတော်ကိုဒီမိုကရေစီကိုအခြေခံသည့်ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့်တည်ဆောက်သည်ဟူသောအချက်ဖြင့်ပြင်ဆင်ရန်အကြံပြုချက်တင်သွင်းခဲ့ကြောင်းပြောသည်။

ထိုအချက်မှာ၂၁ရာစုပင်လုံညီလာခံမှထွက်ပေါ်လာသည့်ပြည်ထောင်စုသဘောတူစာချုပ်တွင်တပ်မတော်ကနိုင်ငံတကာအသိသက်သေများရှေ့လက်မှတ်ရေးထိုးပြီးသား အချက်ဖြစ်၍ငြင်းဆိုရန် ခက်ခဲလိမ့်မည်ဖြစ်သည်ဟု ပြောသည်။

သူတို့လည်း ကန့်ကွက်လို့မရဘူး။ ၂၁ရာစုပင်လုံကနေပေါက်လာတဲ့NCA သယ်လာတဲ့၅၁ချက်ထဲမှာဒါအဓိကပါတယ်ဟု ၎င်းကပြောသည်။

ထိုအချက်ကိုပြင်ဆင်လိုက်ပါကဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသည့်ဖွဲ့စည်းပုံကိုမဖြစ်မနေရေးဆွဲရတော့မှာဖြစ်ပြီးပုဒ်မ() ပါနိုင်ငံရေးကဏ္ဍတွင်တပ်၏ပါဝင်မှုမှာအလိုလိုလျော့ကျသွားမည်ဖြစ်သည်ဟုပြောသည်။

တပ်နှင့်ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များကတတိယအကြိမ်ပူးပေါင်းကော်မတီအစည်းအဝေးတွင်၎င်းတို့ဆွေးနွေးခဲ့ခြင်းရှိမရှိကိုဖြေဆိုရန် Myanmar Now ကိုငြင်းဆန်ကြသည်။

ယနေ့ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀ တို့က ဆွေးနွေးကြမည် ဖြစ်သည်။

ထိုဥပဒေမူကြမ်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘက်က သီးခြား တင်သွင်းခဲ့သည့် ဥပဒေ မူကြမ်းဖြစ်ပြီး NLD က ဦးဆောင်ဖွဲ့စည်းထားသည့် ပူးပေါင်းကော်မတီကမူ ၎င်းတို့ပြုလုပ်မည့် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တစ်ပေါင်းတည်းဆွေးနွေးလိုကြသော်လည်း ပြည်ခိုင်ဖြိုးနှင့် တပ်မတော်သားကိုယ်စားလှယ် များကမူ သီးခြားဆွေးနွေးလိုနေကြသည်။

ပြည်ခိုင်ဖြိုးက တင်သွင်းသည့် ပြင်ဆင်ရေးမူကြမ်းတွင် ပုဒ်မ ၂၆၁ ၌ တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်ကသာ ရွေးကောက်တင်မြှောက်ခြင်းဟု ပြောင်းလဲပြဋ္ဌာန်းရန် အဆိုပြုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly