နိုင်ငံအသင်းလူစာရင်းမှာ ပြန်ပါလာတဲ့ မက်ဆီကို ကြိုဆိုပါကြောင်း အာဂျင်တီးနား နည်းပြ ပြောဆို

နိုင်ငံအသင်းလူစာရင်းမှာ ပြန်ပါလာတဲ့ မက်ဆီကို ကြိုဆိုပါကြောင်း အာဂျင်တီးနား နည်းပြ ပြောဆို

မတ် ၈ ။      ။ ဗင်နီဇွဲလား၊ မော်ရိုကို အသင်းတွေနဲ့ ယခုလထဲ ကစားမယ့် ခြေစမ်းပွဲတွေအတွက် အာဂျင်တီးနားအသင်း လူစာရင်းမှာ လီယွန်နယ် မက်ဆီကို ယာယီနည်းပြ လီယွန်နယ် စကယ်လိုနီက ပြန်လည်ထည့်သွင်းလိုက်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲနောက်ပိုင်း မက်ဆီအနေနဲ့ ရှစ်လလောက် နိုင်ငံအသင်းနဲ့ အဆက်ပြတ်နေခဲ့ပြီးမှ ယခုအခါ ပထမဆုံးအကြိမ် ပြန်ပါလာတာဖြစ်ပါတယ်။

ယခုလထဲ ကစားမယ့် အာဂျင်တီးနားရဲ့ ခြေစမ်းပွဲ လူစာရင်းမှာ ကမ္ဘာ့အကောင်းဆုံးဆု ငါးကြိမ်ရ မက်ဆီကို ထည့်သွင်းကြောင်း မတ်လ ၇ ရက်က အာဂျင်တီးနား ယာယီနည်းပြ စကယ်လိုနီက ထုတ်ပြန်ခဲ့တာပါ။

အသက် ၃၁ နှစ်အရွယ် ဘာစီလိုနာ စတားကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနောက်ပိုင်း နိုင်ငံအသင်းနဲ့ ကင်းကွာနေခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နိုင်ငံအသင်းကနေ မက်ဆီကို ကြိုဆိုမှာဖြစ်ကြောင်း နည်းပြ စကယ်လိုနီက ပြောသွားပါတယ်။

သူ့လိုပဲ ကာလကြာ နိုင်ငံအသင်းမှာ မပါနိုင်ခဲ့တဲ့ PSG အသင်းသား အိန်ဂျယ် ဒီ မာရီယာလည်း ယခု လူစာရင်းမှာ ပြန်ပါလာနိုင်ခဲ့ပါတယ်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required