တရားစီရင်ရေး ဟော်နန်းနှင့် စော်ဘွားအသုံးအဆောင်ပစ္စည်များ ထိန်းသိမ်းရန် လိုအပ်နေ

တရားစီရင်ရေး ဟော်နန်းနှင့် စော်ဘွားအသုံးအဆောင်ပစ္စည်များ ထိန်းသိမ်းရန် လိုအပ်နေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မိုးမိတ်၊ မတ် ၈ ။      ။   ရှမ်းပြည်မြောက်ပိုင်း၊မိုးမိတ်မြို့နယ်၊ဟော်နန်းရပ်ကွက်တွင်တည်ရှိသည့် တရားစီရင်ရေးဟော်နန်းနှင့် စော်ဘွားများ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများကို ထိန်းသိမ်းရန် အကူအညီများ လိုအပ်လျက် ရှိသည်ဟု မိုးမိတ်မြို့နယ်မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီဝင်းကပြောသည်။

"ဒီဆောက်အအုံက နှစ်ပေါင်းတစ်ရာကျော်နေပါပြီ။ထိန်းသိမ်းမယ့်သူကမရှိဘူး။ဒီရှေးဟောင်းအမွေအနှစ်ကို ကျွန်မတို့ထိန်းသိမ်းချင်တယ်။"ဟု ဒေါ်ရီရီဝင်းကပြောသည်။

ထိုသို့ ထိန်းသိမ်းရန် ရည်ရွယ်ရခြင်းမှာ မိုးမိတ်မြို့၏ နောက်ခံသမိုင်းကို သိရှိစေရန်နှင့်ပြည်တွင်း ပြည်ပ ခရီးသွားများကို ဖိတ်ခေါ်ရန်အတွက်ဖြစ်သည်ဟု ဒေါ်ရီရီဝင်းကဆိုသည်။

တရားစီရင်းရေးဟော်နန်းကို စော်ဘွား စဝ်ခွန်မွန်လက်ထက် ၁၂၄၅ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး တရားစီရင်မှုများပြုလုပ်ခဲ့သည်ဟု ဒေါ်ရီရီဝင်းကပြောသည်။

တရားစီရင်ရေးဟော်နန်းနှင့်အတူ စားဖိုဆောင်၊နားနေဆောင်တို့မှာ ယနေ့အချိန်ထိရှိနေခဲ့ပြီး စော်ဘွား နေထိုင်သည့် ဟော်နန်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဒဏ်များကြောင့် ပျက်စီးသွားခဲ့သည်ဟု ဒေါ်ရီရီဝင်းကဆိုသည်။

လတ်တလောတွင် တရားစီရင်ရေးဟော်နန်းကို ပြုပြင်ထိန်းသိမ်းပေးရန်အတွက် ပြည်နယ်အစိုးရထံ တင်ပြထားပြီး စော်ဘွားများအသုံးပြုခဲ့သည့် အသုံးအဆောင်များကို လက်ရှိတွင် တရားစီရင်ရေး ဟော်နန်းအနီးရှိ နန်းဦးကျောင်ဆရာတော်က ထိန်းသိမ်းထားကြောင်း သိရသည်။

"ကျွန်မတို့က တရားစီရင်ရေးဟော် ထိန်းသိမ်းပြုပြင်တာတွေ လုပ်ပြီးရင် အသုံးဆောင်ပစ္စည်းတွေကို ပြတိုက် ဆောက်ပြီး ခရီးသွားတွေကို ပြသမယ်။ပံ့ပိုးကူညီမှုတွေ လိုနေပါတယ်။"ဟုဒေါ်ရီရီဝင်းကပြောသည်။

မိုးမိတ်မြို့တွင် စော်ဘွားများ တည်ဆောက်လှူဒါန်းခဲ့သည့် ရွှေမြင်တင်ဘုရားနှင့်ဆုတောင်းပြည့်ဘုရား စသည်တို့လည်း ရှိကြောင်းသိရသည်။

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required