ဂျပန်ပွဲမှာ မြန်မာပရိသတ်တွေ ဂုဏ်ယူနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အောင်လအန်ဆန်

ဂျပန်ပွဲမှာ မြန်မာပရိသတ်တွေ ဂုဏ်ယူနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ အောင်လအန်ဆန်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မတ်လ ၈ ။      ။   လာမည့် မတ်လ ၃၁ ရက်နေ့၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် ကန်ဟာဆီဂါ၀ါ နှင့် ဒုတိယအကြိမ်ယှဉ်ပြိုင်ထိုးသတ်မည့် မစ်ဒယ်ဝိတ်ကမ္ဘာချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ပွဲစဉ်တွင် မြန်မာပြည်မှ ပရိသတ်တွေအတွက် ဂုဏ်ယူနိုင်အောင် ကြိုးစားသွားမည်ဟု အောင်လအန်ဆန်က ပြောဆိုလိုက်သည်။

မတ်လ ၈ ရက်နေ ့က ရန်ကုန်မြို့ Rose Garden Hotel တွင် ပြုလုပ်ခဲ့သည့် အကြိုတွေ့ဆုံပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

" ဂျပန်မှာ ယှဉ်ပြိုင်ထိုးသတ်မဲ့ပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ရတဲ့ Traning Camp မှာ ရောက်နေပါတယ်။ ကျွန်တော်အခု တီရယ်လ်ထန် ပွဲပြီးတာနဲ ့ချက်ချင်း မနက်ဖြန်ည ပြန်ပြီးတော့ Traning Camp အပြီးအထိ အကောင်းဆုံးကစားပြီး မြန်မာပြည်က ပရိသတ်တွေ ဂုဏ်ယူနိုင်အောင် ကျွန်တော်ကြိုးစားမယ်" ဟု အောင်လအန်ဆန်က ဒုတိယအကြိမ် ယှဉ်ပြိုင်ထိုးသတ်ကစားမည့် ကန်ဟာဆီဝါဂါ နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

MMA ကမ္ဘာကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကြီးကို လာမည့် မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နိုင်ငံ တွင် ကျင်းပသွားမည့်ဖြစ်ပြီး အဓိက ချန်ပီယံခါးပတ်လုပွဲ ၃ ပွဲ ပွဲစဉ်ပါဝင်ပြီး အမျိုးသမီးစတောဝိတ် ကမ္ဘာချန်ပီယံ ခါးပတ်လုပွဲဖြစ်သည့် တရုတ်နိုင်ငံသူ Xiong Jing Nan နှင့် စင်ကာပူနိုင်ငံသူ An Gela Lee ပွဲစဉ်၊ အမျိုးသားမစ်ဒယ်ဝိတ်တန်းကမ္ဘာချန်ပီယံလုပွဲတွင် မြန်မာနိုင်ငံဖွား အောင်လအန်ဆန် နှင့် ဂျပန်နိုင်ငံသား ကန်ဟာဆီဂါ၀ါ တို႔ ပွဲစဉ်များ ပါဝင်မှာ ဖြစ်သည်။

ဆက်လက်ပြီး အောင်လအန်ဆန်က " ဒီပွဲကပထမပွဲနဲ့ မတူပါဘူး ၊ ဒီပွဲမှာ ကျွန်တော် ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားတယ်၊၀ိတ်အနေနဲ့ကလည်း ၁၀ ပေါင်လောက် ပိုများတယ်။ ဒီပွဲမှာက ပထမပွဲထက် ဝိတ် ပိုကြီးမယ်၊ပိုအားရှိမယ်၊ ကျွန်တော်ရဲ့ခံနိုင်ရည် ကောင်းမွန်အောင်လည်းကြိုးစားထားပါတယ်၊ ပွဲစစချင်း သူကိုဖိအားပေးပါမယ်။ ၂ ချီ၊၃ ချီအတွင်း နိုင်အောင် ကျွန်တော်ကစားမယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ONE: SPIRIT OF A WARRIOR ပြိုင်ပွဲ၊ MMA ကမ္ဘာမစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲတွင် လက်ရှိချန်ပီယံ မြန်မာနိုင်ငံဖွား အောင်လအန်ဆန် နှင့် စိန်ခေါ်သူ ဂျပန်နိုင်ငံသား ကန်ဟာဆီဂါ၀ါ နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နောက်ဆုံးအချီဖြစ်သည့် ၅ ချီမြောက်တွင် အောင်လအန်ဆန်အနေဖြင့် ကန်ဟာဆီဂါ၀ါ ကို အနိုင်ရရှိခဲ့သည်။

One championship အဖွဲ႔ အနေဖြင့် ၄င်းတို့ နှစ်ယောက်ထိုးသတ်သည့် ပွဲစဉ်ကို MMA ပွဲစဉ်များအနက် အကောင်းဆုံးဟု သတ်မှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဂျပန်ပွဲစဉ်တွင်လည်း ထပ်မံအနိုင်ယူမည်ဟု အောင်လအန်ဆန်က ပြောဆိုထားခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက စင်ကာပူနိုင်ငံတွင် ပြုလုပ်သည့်  MMA Awards ပေးပွဲတွင် About of the Year 2018 ( ယှဉ်ပြိုင်ပွဲ အကောင်းဆုံးဆု)ကို ဂျပန်မှ ကန်ဟက်ဆီကာဝါနှင့် ပူးတွဲ ရရှိခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly