တိတ်ဆိတ်ခြင်းနေ့အတွက် ဘာလီအပန်းဖြေကျွန်းကို ပိတ်ထားခဲ့

တိတ်ဆိတ်ခြင်းနေ့အတွက် ဘာလီအပန်းဖြေကျွန်းကို ပိတ်ထားခဲ့

ဂျကာတာ၊ မတ် ၈ ။      ။      နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့  ‘တိတ်ဆိတ်ခြင်းနေ့’ ပွဲတော်အတွက် အင်ဒိုနီးရှားနိုင်ငံက အပန်းဖြေဘာလီကျွန်းကို ကြာသပတေးနေ့မှာ ပိတ်ထားလိုက်ပါတယ်။

လေယာဉ်ပျံသန်းမှုတွေ ရပ်ဆိုင်းတာ၊ အင်တာနက်တွေ ပိတ်ထားတာ စတာတွေနဲ့ ခရီးသွားလာရောက်မှု များပြားတဲ့ ဘာလီကျွန်းကို ပိတ်ထားတာ ဖြစ်ပါတယ်။

ဒေသအခေါ်အားဖြင့် နာယိပေလို့ ခေါ်တဲ့ ဒီတိတ်ဆိတ်ခြင်းပွဲတော်မှာ ကျွန်းပေါ်က ဟိန္ဒိူတွေဟာ ၂၄ နာရီပတ်လုံး အိမ်မှာပဲ နေကြတာဖြစ်ပြီး တရားထိုင်ခြင်းနဲ့ ကိုယ်ကိုကို ရှုမှတ်ခြင်းတွေအတွက် ‘တိတ်ဆိတ်ခြင်းနေ့’အဖြစ် ခုလို ကျွန််းကို ပိတ်ပေးတာလည်း ဖြစ်ပါတယ်။

ဒီ အစဉ်အလာ နေ့ထူးနေ့မြတ်မှာ ဆိုရင် လမ်းတွေပေါ်မှာလည်း အရေးပေါ်ကားတွေကလွဲလို့ ကားသွားလာခွင့် မရှိပါ။ အိမ်တွေ၊ လမ်းတွေမှာလည်း မီးမထွန်းကြရပါ။ ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာတွေနဲ့ ရှော့ပင်းစင်တာတွေကိုလည်း ပိတ်ထားကြရတာ ဖြစ်ပါတယ်။

ငူရတ်ရိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကြာသပတေးနေ့ ညနေ ခြောက်နာရီမှှာ စတင်ပိတ်လိုက်ပြီဖြစ်တာကြောင့် နိုင်ငံတကာလေယာဉ်ခရီးစဉ် ၂၀၇ ခု အပါအဝင် ခရီးစဉ်ပေါင်း ၄၆၈ ခုအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

ဒီတစ်နေ့တာအတွက် ဒေသအစိုးရဟာ မိုဘိုင်းအင်တာနက်အော်ပရေတာတွေကို အင်တာနက်တွေ ပိတ်ထားဖို့လည်း အမိန့်ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာ လုပ်ငန်းတွေကလွဲလို့ အင်တာနက်လည်း အကုန်ပိတ်ထားတာ ဖြစ်ပါတယ်။

“အခု အစဉ်အလာရိုးရာပွဲတော်ကို ခရီးသွားဧည့်သည်တွေကလည်း လေးစားမှု ရှိလိမ့်မယ်လို့ ကျွန်တော််တို့ မျှော်လင့်ပါတယ်။ သူတို့ဟာ ဟိုတယ်ထဲကနေ အပြင်မထွက်ကြဘဲ လေးစားသမှုနဲ့ ပါဝင်ကြမယ့် ထင်ပါတယ်။”လို့ ဘာလီခရီးသွားအသင်း အကြီးအကဲ အာဒါနာက ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required