အိန္ဒိယပိုင် ကက်ရှှ်မီးယားမှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရ

အိန္ဒိယပိုင် ကက်ရှှ်မီးယားမှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး တစ်ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရ

ကက်ရ်မီးယား၊ မတ် ၈ ။        ။      အိန္ဒိယ ထိန်းချုပ်တဲ့ ကက်ရှ်မီးယားက ဂျမ်မူးနဲ့ ကက်ရှှ်မီးယားပြည်နယ်မှာ ဘတ်စ်ကားဂိတ်တစ်ခုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် လူတစ်ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရကြောင်း ရဲဌာနက ထုတ်ပြန်ပါတယ်။

အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင်း ဖေဖော်ဝါရီ ၁၄ ရက်က အသေခံတိုက်ခိုက်မှုဖြစ်လို့ အိန္ဒိယစစ်သား ၄၀ သေဆုံးပြီး အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခု ဖောက်ခွဲမှု ထပ်ဖြစ်လာခဲ့တာပါ။

ဖေဖော်ဝါရီ ၁၄ ရက်က တိုက်ခိုက််မှုကြောင့် နှစ်နိုင်ငံကြားမှာ အပြင်းထန်ဆုံး စစ်ရေးတင်းမာမှုအထိ ဖြစ်ထားတာလည်း ဖြစ်ပါတယ်။

“ဗုံးဟာ ကားဂိတ်အပြင်ဖက် ဘတ်စ်ကားတစ်စီးရဲ့ အောက်မှာ ပေါက်ကွဲတာဖြစ်ပြီး လူတစ်ဦး သေဆုံးလို့ ၁၇ ဦးအထိ ဒဏ်ရာရပါတယ်။”လို့ ရဲတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆင်းဟာက သတင်းထောက်တွေကို ပြောပါတယ်။

“ဗုံးကို တစ်ဦးဦးအောက် ဘတ်စ်ကားအောက်ကို ပစ်သွင်းပြီး ဖောက်ခွဲလိုက်တာပါ။ ဒဏ်ရာရသူတွေမှာ လေးဦးက စိုးရိမ်ရပါတယ်။”လို့ ဒုတိယမြောက်ရဲတစ်ဦးကလည်း ဆိုပါတယ်။

“ဒီဘတ်စ်ကားဟာ ပန်ဂျပ်ပြည်နယ်က ပတ်သန်ကော့မြို့ကို ဦးတည်မယ့် ကားဖြစ်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

လူမှုမီဒီယာတွေပေါ် တင်ကြတဲ့ ပေါက်ကွဲမှုဖြစ်စဉ် ဗီဒီယိုမှာ ဒဏ်ရာရပြီး လဲကျနေကြတဲ့ လူတွေကို ဒေသခံတွေက အကူအညီ ၀ိုင်းဝန်းပေးနေတာကို မြင်တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်က အိန္ဒိယစစ်သားတွေကို အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ လွတ်လပ်ရေး ဒါမှမဟုတ် ပါကစ္စတန်နဲ့ ပေါင်းစည်းရေးကို လိုလားကြတဲ့ စစ်သွေးကြွတွေရဲ့ နှစ် ၃၀ ကျော် ပုန််ကန်မှုမှာ အသေအဆုံး အများဆုံး ဖြစ်ခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly