ထိုင်းဘုရင့်အစ်မတော်ကို ဝန်ကြီးချုပ်ကိုယ်စားလှယ် အမည်စာရင်းသွင်းခဲ့တဲ့ ပါတီ ဖျက်သိမ်းဖို့ ညွှန်ကြားခံရ

ထိုင်းဘုရင့်အစ်မတော်ကို ဝန်ကြီးချုပ်ကိုယ်စားလှယ် အမည်စာရင်းသွင်းခဲ့တဲ့ ပါတီ ဖျက်သိမ်းဖို့ ညွှန်ကြားခံရ

မတ် ၇ ။        ။      ထိုင်းဘုရင့်အစ်မတော် မင်းသမီး Ubolratana ကို ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း အမည်စာရင်းသွင်းခဲ့မှုအတွက် Thai Raksa Chart အတိုက်အခံပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံခုံရုံးက မတ်လ ၇ ရက်မှာ ညွှန်ကြားလိုက်ပြီ  ဖြစ်ပါတယ်။

အဆိုပါ ပါတီကတော့ နိုင်ငံမှာ သြဇာထက်တဲ့ ရှင်နာဝါထရာ အစုအဖွဲ့နဲ့ အချိတ်အဆက်ရှိတဲ့ အဓိက နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။

ယခင်ဝန်ကြီးချုပ်ဟောင်းတွေဖြစ်ကြတဲ့ သက်ဆင်နဲ့ ယင်လပ် ရှင်နာဝါထရာ တို့နဲ့ အချိတ်အဆက်ရှိတဲ့ Thai Raksa Chart ပါတီက မင်းသမီး Ubolrata ကို မတ်လ ၂၄ ရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်လောင်းလျာအဖြစ် အမည်စာရင်းသွင်းခဲ့ပါတယ်။

ယခုအခါမှာတော့ ယင်းပါတီကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံခုံရုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။

ဒါ့အပြင် ယင်းပါတီရဲ့ အမှုဆောင် ၁၄ ဦးကိုလည်း ဆယ်နှစ်တာ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ဖို့ကိုပါ ခုံရုံးက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required