မြန်မာ့လက်ရွေးစင်အသင်းကြီး၏ ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်းကို ခန့်အပ်

မြန်မာ့လက်ရွေးစင်အသင်းကြီး၏ ယာယီနည်းပြချုပ်အဖြစ် ဦးမျိုးမင်းထွန်းကို ခန့်အပ်
 ရန်ကုန်ယူနိုက်တက်အသင်း

ရန်ကုန်၊ မတ်လ ၇ ။       ။    လာမည့်မတ်လ အတွင်း ယှဉ်ပြိုင်ကစားရမည့် ဖီဖာနိုင်ငံတကာခြေစမ်းပွဲ နှစ်ပွဲအတွက် မြန်မာ့လက်ရွေးစင် အသင်း ယာယီနည်းပြချုပ်အဖြစ် ရန်ကုန်ယူနိုက်တက်အသင်း၏နည်းပြချုပ်ဖြစ်သူ ဦးမျိုးမင်းထွန်းကို မြန်မာ့ လက်ရွေးစင်အသင်းကြီး၏ ယာယီနည်းပြချုပ်အဖြင့်ခန့်အပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ႔ ချုပ်၏ နည်းစနစ် ကော်မတီက ဆုံးဖြတ်လိုက်သည်။

မြန်မာ့လက်ရွေးစင်အသင်းကြီးသည် လာမည့် မတ်လ ၁၉ ရက်နေ့တွင် တရုတ်(တိုင်ပေ)အသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး မတ်လ ၂၅ ရက်နေ႔တွင် အင်ဒိုနီးရှားအသင်း နှင့် ဆက်လက် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အဆိုပါ အိမ်ကွင်း နှစ်ပွဲစလုံးကို မန္တလေးမြို ရှိ မန္တလာသီရိ အားကစားကွင်းတွင် လက်ခံကျင်းပ သွားမှဖြစ်ကြောင်း သိရသည်။

'' အခုလိုမျိုး ခန့်အပ်ခံရမယ်လိုတော့ မမျှော်လင့်ထားခဲ့ပါဘူး။ လက်ရွေးစင်အသင်းမှာ နည်းပြ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်တော့ ရှိပါတယ်။ အခုလိုမျိုး ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တဲ့အတွက်လည်း ဂုဏ်ယူ ပါတယ်။ တာဝန်ပေးအပ်တဲ့အပေါ်မှာ နိုင်ငံအတွက်ရော၊ ကိုယ့်အတွက်ပါ အကောင်းဆုံးဖြစ်အောင် လုပ်ပြ သွားပါမယ်။

ကိုယ့်အတွက်ဆိုတာကလည်း နိုင်ငံခြားမှာ နည်းပြတစ်ယောက်အနေနဲ့ အောင်မြင်အောင် ဆက်လက် လုပ်ဆောင်သွားချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။” ဟု ရန်ကုန်ယူနိုက်တက်အသင်း၏ နည်းပြချုပ်ဖြစ်သူ  ဦးမျိုးမင်းထွန်း က ပြောကြားခဲ့သည်။ဦးမျိုးမင်းထွန်းသည် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်း နည်းပြချုပ်အဖြစ် ၂၀၁၆ ရာသီဝက်မှစတင် ကိုင်တွယ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီတွင် ဆုဖလားသုံးလုံး ဆွတ်ခူးပေးနိုင်ခဲ့သည့် အအောင်မြင်ဆုံးလူငယ်နည်းပြအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။

မြန်မာလက်ရွေးစင်နည်းပြချုပ် ရာထူးအတွက် မတ်လ ပထမပတ်တွင် အပြီးသတ် ခန့်အပ်မည်ဟု ဇန်နဝါရီလ အတွင်းက ပြုလုပ်သည့် မြန်မာဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေး ၄နှစ်တာ စီမံကိန်းနှင့် ပတ်သက်ပြီး

သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဖုန်းနိုင်ဇော်  က ပြောကြားထားသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required