မြန်မာကစားသမား Bozhena Antoniyar သည် ၂၀၁၉ ခုနှစ်အစကို အောင်မြင်မှုများဖြင့် ဖွင့်လှစ်ချင်

မြန်မာကစားသမား Bozhena Antoniyar သည် ၂၀၁၉ ခုနှစ်အစကို အောင်မြင်မှုများဖြင့် ဖွင့်လှစ်ချင်

နိုင်ငံဂုဏ်ဆောင် အားကစားသမားများထဲမှ တစ်ဦးဖြစ်သူ Bozhena Antoniyar သည် မတ်လ ၈ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည့် ONE Championship ၏ ONE: REIGN OF VALOR. ပြိုငိပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် သေချာသွားပြီဖြစ်သည်။

Stepping up to face Antoniyar is Malaysia’s Audreylaura “Ice Comet” Boniface. အန်တိုနီယာနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရမည့်သူသည် မလေးရှားနိုင်ငံမှ Audreylaura “Ice Comet” Boniface. ဆိုသူဖြစ်သည်။

အသက်  ၂၃ နှစ်အရွယ်ရှိပြီဖြစ်သော အန်တိုနီယာသည် ၎င်း၏ ပွဲဦးထွက်ပြိုင်ပွဲကို ပြီးခဲ့သော ဖေဖော်ဝါရီလက  ONE: QUEST FOR GOLD ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ခဲ့ကာ အဆိုပါပြိုင်ပွဲကြီးတွင် ပြိုင်ဘက်ဖြစ်သူ ရွှေစင်ကို ပထမအချီတွင် ၂၄ စက္ကန့်တွင်ပင် အလဲထိုးအနိုင်ယူကာ ကမ္ဘာ့ပရိသတ်များကို အံ့အားသင့်စေခဲ့သည်။ ထိုပြိုင်ပွဲသည် ONE Championship အမျိုးသမီးအားကစားပြိုင်ပွဲများတွင် ပွဲချိန်အတိုဆုံး အလဲထိုးအနိုင်ရရှိခဲ့သော ပွဲအဖြစ် စံချိန်တင်ခဲ့သည်။

“2019 ခုနှစ်အတွက် ကျွန်မရဲ့ ရည်မှန်းချက်က ကျွန်မ ပြိုင်ပွဲတွေအများကြီးဝင်ရောက်ယှဉ်ပြိုင်မယ် ပြီးတော့ အနိုင်ရသူအဖြစ်နဲ့ ရပ်တည်သွားမယ်”ဟု ၎င်းက ဆိုသည်။

၎င်းသည် မကြာသေးခင်က နိုင်ငံရပ်ခြားတွင် သွားရောက်လေ့ကျင့်ရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ အာရှတွင် ထိပ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံ လေ့ကျင့်ရေးရုံထဲမှ တစ်ခုအပါအဝင်ဖြစ်သော
Bali MMA တွင် သွားရောက်လေ့ကျင့်လျက်ရှိသည်။

အဆိုပါ အားကစားရုံသည် ONE အမျိုးသမီး စတောဝိတ်ကမ္ဘာ့ချန်ပီယံ Xiong Jing Nan နှင့် လိုက်ဝိတ်ကစားသမား Ev Ting တို့၏ လေ့ကျင့်ရာ အားကစားရုံလည်း ဖြစ်သည်။

“Ev Ting နဲ့ Xiong Jing Nan တို့က ကျွန်မအတွက် သိပ်ကိုကောင်းတဲ့ လေ့ကျင့်ဘက်တွေပါ သူတို့က ကိုယ်ခံပညာသိုင်းပေါင်းစုံနဲ့ ပတ်သက်ပြီး နည်းစနစ်ဗဟုသုတတွေကို အသေအချာ မျှဝေပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။

နှစ်ထပ်ကွမ်း Myanmar National Boxing ချန်ပီယံဖြစ်သူ ပြီးခဲ့သော အောက်တိုဘာလက ထိုင်းကစားသမား Rika Ishige ကို ရှုံးနိမ့်ခဲ့ရပြီးနောက် အနိုင်ပွဲများပြန်လည်ရယူလိုသော ဆန္ဒပြင်းပြလျက်ရှိသည်။

မြန်မာကစားသမား Antoniyar သည် ၎င်း၏ ပထမဆုံးပွဲတွင် အောင်မြင်စွာ အနိုင်ရရှိခဲ့သော်လည်း မြေပြင်ချုပ်ကွက်တွင် အတွေ့အကြုံများသော Ishige နှင့် ရင်ဆိုင်ရသောအခါ ခက်ခက်ခဲခဲ ကစားခဲ့ရသည်။

သို့ရာတွင် Antoniyar သည် သင်ခန်းစာ ၂ ခုရရှိခဲ့သည်။ ပထမသင်ခန်းစာသည် ၎င်း၏ ပြင်းထန်သော လက်သီးအားနှင့် လျင်မြန်သော လက်ဝှေ့ရေးတို့သည် အက်တမ်ဝိတ်တန်းတွင် မည်သူ့ကိုမဆို အလဲထိုးနိုင်ကြောင်း သိရှိခဲ့ရသည်။ ဒုတိယတစ်ချက်အနေဖြင့် ၎င်း၏ နပမ်းချုပ်ကွက်ကစားနည်းများကို တိုးတက်အောင်လေ့ကျင့်ရန် လိုအပ်ကြောင်းသိရှိခဲ့ရသည်။

Bali MMA ၏ တည်ထောင်သူ Anthony နှင့် Andrew Leone တို့ ၂ဦးစလုံးသည် အလွန်ကျွမ်းကျင်သော နပမ်းကစားသမားများဖြစ်ကြပြီး အဆိုပါ အားကစားရုံတွင် ဘရာဇီးဂျုဂျစ်ဆုခါးပတ်နက် ကစားသမားများကို မွေးထုတ်ပေးလျက်ရှိရာ Antoniyar ကို အကောင်းဆုံးနည်းစနစ်တချို့ကို သင်ကြားပေးမည်ဟု ယုံကြည်ရသည်။

အင်ဒိုနီးရှားကျွန်းတွင် လေ့ကျင့်ရန်ဆုံးဖြတ်ခဲ့သော ၎င်း၏ ဆုံးဖြတ်ချက်သည် အန်တိုနီယာ၏ လာမည့်ပြိုင်ပွဲအတွက် အကျိုးများစေမည်ဟု မျှော်လင့်ရသည်။

မတ်လတွင် အရည်အချင်းသစ်များနှင့် တိုးတက်လန်းဆန်းနေသော အန်တိုနီယာသည် ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းကို ကြည့်ရှုရမည့်ပွဲသည် အလွန်ပင်စိတ်လှုပ်ရှားဖွယ်ကောင်းမည်ဖြစ်သည်။

အကယ်၍ အန်တိုနီယာသည် အောင်မြင်မှုများ ပြန်လည်ရရှိလာပါက မဝေးတော့သော ကာလတွင် ဝိတ်တန်းတွင် ကျော်ကြားသော ကစားသမား Mei Yamaguchi သို့မဟုတ် ONE အမျိုးသမီးအက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံAngela Lee တို့နှင့် ယှဉ်ပြိုင်နိုင်တော့မည်ဖြစ်သည်။

“အက်တမ်ဝိတ်တန်းမှာ သိပ်ကိုထူးချွန်တဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ တချို့က စတောဝိတ်တန်းကနေ ပြောင်းလာတာမျိုးလည်းရှိပြီး အခုဒီဝိတ်တန်းကို လာပြိုင်တာပါ” ဟု အန်တိုနီယာက အလေးအနက် ပြောကြားခဲ့သည်။

“ကျွန်မအနေနဲ့ ပြောရရင် အက်တမ်ဝိတ်တန်းက ပိုပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာပါပြီ” ဟု အန်တိုနီယာက ပြောသည်။

မတ်လ ၈ ရက်နေ့တွင် နိုင်ငံ့ဂုဏ်ဆောင်ကစားသမား အန်တိုနီယာသာ ခမ်းခမ်းနားနား အောင်ပွဲဆင်နိုင်ခဲ့မည်ဆိုပါက အက်တမ်ဝိတ်တန်း ချန်ပီယံနေရာကို အန်တိုနီယာ သာမက မြန်မာတစ်နိုင်ငံလုံးကပါ ရင်ခုန်ရတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required