မြောက်ကိုရီးယားက ဒုံးကျည်စခန်းပြန်လည်တည်ဆောက်တယ်ဆိုရင် အလွန့်အလွန် စိတ်ပျက်ရကြောင်း ထရမ့် ပြော

မြောက်ကိုရီးယားက ဒုံးကျည်စခန်းပြန်လည်တည်ဆောက်တယ်ဆိုရင် အလွန့်အလွန် စိတ်ပျက်ရကြောင်း ထရမ့် ပြော

၀ါရှင်တန်၊ မတ် ၇ ။      ။       မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စခန်း ပြန်လည်တည်ဆောက်နေပြီဆိုတဲ့ သတင်းတွေသာ အတည်ဖြစ်ရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်ကို အလွန့်အလွန် စိတ်ပျက်မိမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ််။

“မြောက်ကိုရီးယား ဒုံးကျည်စခန်း ပြန်တည်ဆောက်တဲ့ သတင်း မှန်မမှန်ကတော့ ပြောဖို့ စောလွန်းသေးတယ်။”လို့ ထရမ့်က သတင်းထောက််တွေကို ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်သိုက် ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ထရမ့််နဲ့ ကင်ဂျုံးအန်တို့ဟာ ဗီယက်နမ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က စေ့စပ်ညှိနှိုင်းခဲ့ပေမယ့် သဘောတူညီချက် မရဘဲ အစည်းအဝေး အပြီးသတ်ခဲ့ရတာပါ။

မြောက်ကိုရီးယားနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုတာကြောင့် သဘောတူညီမှု မရရှိခဲ့တာဖြစ်ကြောင်း ထရမ့်က အဲဒီအစည်းအဝေးအပြီး ပြောထားခဲ့ဖူးပါတယ်။

ထရမ့်နဲ့ ကင်ဂျုံးအန်တို့ဟာ ပထမဆုံး  ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့နှစ်က စင်ကာပူမှာ ကျင်းပခဲ့တာ ဖြစ်ပြီး နျူကလီးယားဖျက်သိမ်းရေး မျှော်လင့်ချက်သန်းခဲ့ပြီး ဗီယက်နမ်က ဒုတိယမြောက်တွေ့ဆုံမှုကို တစ်ကမ္ဘာလုံးက အလေးထားစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required