ယူ၁၉အသင်းနှင့် လက်ရှိချန်ပီယံအသင်း ဂျပန်ကလပ် ALBIREX NIIGATA FC တို့ ချစ်ကြည်ရေးကစားမည်

ယူ၁၉အသင်းနှင့် လက်ရှိချန်ပီယံအသင်း ဂျပန်ကလပ် ALBIREX NIIGATA FC တို့ ချစ်ကြည်ရေးကစားမည်

မတ်၊ ရန်ကုန် ။          ။ မြန်မာ့လက်ရွေးစင် ယူ၁၉အသင်းနှင့် စင်ကာပူလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လက်ရှိချန်ပီယံဖြစ်သော ဂျပန် ကလပ် ALBIREX NIIGATA FC အသင်းတို့သည် မတ်လ ရရက်နေ့ ညနေ၆နာရီတွင် သုဝဏ္ဏဘောလုံးကွင်း၌ ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

မြန်မာယူ၁၉အသင်းသည် အာဆီယံနှင့် အာရှပြိုင်ပွဲများအတွက် အသက် ၁ရနှစ်၊ ၁၈နှစ် အရွယ်ကစားသမား များနှင့် ဖွဲ့စည်းထားသောအသင်းဖြစ်ပြီး ကစားသမား၂၄ဦးပါဝင်ကာ နည်းပြအဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူထားကြောင်း သိရသည်။

မြန်မာယူ၁၉အသင်းတွင်  ဂိုးသမား နေလင်းထက်၊ ပြည့်ဖြိုးသူ၊ နောက်တန်းကစားသမား ရဲထက်အောင်၊ စည်သူမိုးခန့်၊ သော်ဇင်ထက်၊ ဉာဏ်လင်းထက်၊ စောကျော်ထက်၊ မျိုးချစ်ဇော်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ ကိုကို၊ ဇော်ဇော်တို့ ပါဝင်ပြီး အလယ်တန်းတွင် ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင် လင်း၊ နောင်နောင်စိုး၊ သူရအောင်တို့ ပါဝင်ကာ ရှေ့တန်းတိုက်စစ်ကစားသမားများမှာ စောကျော်အဲ၊ ညီညီ၊ လမင်းထွေး၊ Aww Bar Kha ၊ Nawe Aye တို့ဖြစ်သည်။

ဂျပန်ကလပ် ALBIREX NIIGATA FC အသင်းသည် မြန်မာ ယူ၁၉ အသင်းနှင့် ခြေစမ်းပြီးပါက မတ်လ ၉ ရက်နေ့ ညနေ ၆နာရီတွင်  မြန်မာ ယူ၂၂ အသင်းနှင့် ခြေစမ်းပွဲ ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလူငယ် အသင်းများနှင့် ALBIREX NIIGATA FC အသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲများ အတွက် ကွင်းဝင်ကြေးကို ရိုးရိုးတန်း ၁ဝဝဝ ကျပ်နှင့် အထူးတန်း ၂ဝဝဝ ကျပ်သတ်မှတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required