ပါကစ္စတန်တွင် ကုလားအုတ်နပန်းပွဲကို တားမြစ်ထားသော်လည်း ဒေသခံများက ကျင်းပနေဆဲဖြစ်

ပါကစ္စတန်တွင် ကုလားအုတ်နပန်းပွဲကို တားမြစ်ထားသော်လည်း ဒေသခံများက ကျင်းပနေဆဲဖြစ်

မတ် ၆ ။    ။      ကုလားအုတ်နပန်းပွဲကို ပါကစ္စတန်နိုင်ငံမှာ ကျင်းပခွင့်တားမြစ်ထားပေမယ့် ဒေသခံတွေကတော့ Layyah ပွဲတော်ရာသီရောက်တိုင်း ကုလားအုတ်နပန်းပွဲကို ဆက်လက်ကျင်းပနေလျက်ရှိပါတယ်။

ပါကစ္စတန်ဟာ ကုလားအုတ်နပန်းပွဲသာမက အခြားတိရစ္ဆာန်တွေရဲ့ နပန်းပွဲကိုပါ ပိတ်ပင်တားမြစ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဒေသခံတွေကတော့ ရှေးမူမပျက် ကုလားအုတ်နပန်းပွဲတွေကို ယနေ့တိုင်ဆက်လက်ကျင်းပလာခဲ့တာဖြစ်ပါတယ်။

အဆိုပါနပန်းပွဲမှာ အနိုင်ရရှိသွားတဲ့ ကုလားအုတ်ရဲ့ ပိုင်ရှင်ကတော့ ဆုငွေ ရူပီး ၁၀၀,၀၀၀ (၇၁၅ ကန်ဒေါ်လာ) ကို ရရှိပိုင်ဆိုင်မှာဖြစ်ပါတယ်။

ဆုငွေလက်ခံရယူတဲ့အချိန်မှာလည်း ကုလားအုတ်ပိုင်ရှင်ဟာ ၎င်းရဲ့ကုလားအုတ်ကိုစီးပြီး လက်ခံရယူလေ့ရှိကြောင်း သိရှိရပါတယ်။

"ပါကစ္စတန်ဥပဒေအရ တိရစ္ဆာန်တွေအားလုံးနဲ့ဆိုင်တဲ့ နပန်းပွဲတွေကို တားမြစ်ထားတယ်။ နပန်းပွဲမှာ ဒဏ်ရာရသွားတဲ့ ကုလားအုတ်တွေကိုလည်း သူတို့ကသေချာကုပေးတာမဟုတ်ဘူး။"လို့ ရှေ့နေ အဗ်ဒူအဟတ်ရှာက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly