ကနေဒါရှိ ကမ္ဘာ့အကြီးမားဆုံးနှင်းဝင်္ကပါတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

ကနေဒါရှိ ကမ္ဘာ့အကြီးမားဆုံးနှင်းဝင်္ကပါတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

မတ် ၆ ။       ။    ကနေဒါနိုင်ငံမြောက်ပိုင်း၊ မနီတိုးဗားပြည်နယ်မှာ တည်ရှိတဲ့ မြောက်အမေရိကရဲ့ အကြီးမားဆုံးသော နှင်းဝင်္ကပါကြီးမှာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားလျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါနှင်းဝင်္ကပါကြီးကို ဒေသခံလယ်သမားတွေဖြစ်တဲ့ ကလင့်န်နဲ့ အန်ဂျီမက်ဆီတို့က တည်ဆောက်ထားတာဖြစ်ပါတယ်။

ကလင့်န်နဲ့ အန်ဂျီတို့ဟာ ၎င်းတို့နေထိုင်ရာ စိန့်အဒေါ့ဖ်မြို့ပြင်နားမှာ ပြောင်းဖူးဝင်္ကပါကို တည်ဆောက်နေခဲ့ရာ ကနေဒါရဲ့ အေးခဲတဲ့ ရာသီဥတုအရ နှင်းတွေနဲ့ ဝင်္ကပါပြုလုပ်ဖို့ မနှစ်ကမှ အကြံရခဲ့တာဖြစ်ပါတယ်။

အပူချိန် အနှုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ် (အနှုတ် ၄၀ ဖာရင်ဟိုက်)ရှိတဲ့ ဇန်နဝါရီလမှာတောင် အဆိုပါနှင်းဝင်္ကပါကို လာရောက်လည်ပတ်သူတွေရှိခဲ့ပါတယ်။

၂၇၈၉ ဒသမ ၁၁ စတုရန်းမီတာ ကျယ်ဝန်းတဲ့ အဆိုပါနှင်းဝင်္ကပါကြီးကို တည်ဆောက်ဖို့ ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျခဲ့ကြောင်း၊ လပေါင်းများစွာ အချိန်ယူခဲ့ရကြောင်း အန်ဂျီက ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required