ဗင်နီဇွဲလား အစိုးရဝန်ထမ်းတွေ အလုပ်တွေ ရပ်ပစ်ပြီး သပိတ်မှောက်ကြဖို့ အတိုက်အခံခေါင်းဆောင် တိုက်တွန်း

ဗင်နီဇွဲလား အစိုးရဝန်ထမ်းတွေ အလုပ်တွေ ရပ်ပစ်ပြီး သပိတ်မှောက်ကြဖို့ အတိုက်အခံခေါင်းဆောင် တိုက်တွန်း

ကရာကတ်စ်၊ မတ် ၆ ။      ။    ဗင်နီဇွဲလားနိုင်ငံက အတိုက်အခံခေါင်းဆောင် ဂွါဒိုဟာ နိုင်ငံဝန်ထမ်းတွေအနေနဲ့ အာဏာရှင်နဲ့ ရေရှည် ပူးပေါင်းခြင်း မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

အစိုးရဝန်ထမ်းတွေအနေနဲ့ သမ္မတ နီကိုလပ်စ်မာဒူရိုအစိုးရအတွက် ရေရှည်တာဝန်မထမ်းဆောင်တော့ဘဲ အလုပ်တွေ ရပ်နားပစ်ကာ သပိတ်မှောက်ကြတော့မှာ ဖြစ်ကြောင်းလည်း ၎င်းက ကြေညာလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင်ရဲ့ အဲဒီလို ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ သမ္မတ မာဒူရိုဟာ ကွယ်လွန်သူခေါင်းဆောင်ဟောင်း ဟူဂိုချာဗက်ဇ်အတွက် ပြုလုပ်တဲ့ စစ်ရေးပြအထိမ်းအမှတ်ပွဲကို တက်ရောက်လာတာကို တွေ့ရပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ လျှို့ဝှက်ကြံစည်မှုတွေ၊ အကျပ်ကိုင်မှုတွေနဲ့ အချုပ်အခြာကို ခြိမ်းခြောက်မှုတွေကို အောင်နိုင်ခဲ့တာချည်းပဲ ဖြစ်တယ်လို့ အဆိုပါ အထိမ်းအမှတ်ပွဲမှာ မာဒူရိုက မိန့်ခွန်းပြောခဲ့တာကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။

ဒါအပြင် ကိုယ်ကိုကို သမ္မတအဖြစ် ကြေညာထားတဲ့ ဂွါဒိုရဲ့ ကလေးကလား ကစားပွဲမှာ အရှုံးပေးလိမ့်မယ်ဆိုတာမျိုးလည်း ရှိမှာမဟုတ်ဘူးလို့ မာဒူရိုက ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံဆီ ဆယ်ရက်တာ သွားရောက်ခဲ့တယ် ဂွါဒိုဟာ မာဒူရိုရဲ့ ဖမ်းဆီးခံရမယ်ဆိုတဲ့ ခြိမ်းခြောက်ထားတဲ့ကြားက ပြီးခဲ့တဲ့ရက်ပိုင်းကမှ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်လာတာပါ။

ဗင်နီဇွဲလားနိုင်ငံဆီ ပြန်လည််ဝင်ရောက်လာပြီးနောက် သမ္မတ မာဒူရိုကို ဖိအားပေးဖို့ စတင်ပြီဖြစ်ကြောင်း ဂွါဒိုဟာ အင်္ဂါနေ့မှာ သံန္ဒဌာန်ပြု ပြောကြားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required