မန်းရွှေစက်တော်ဘုရားကွင်းတွင် အရက်/ဘီယာများဖမ်းမိ

မန်းရွှေစက်တော်ဘုရားကွင်းတွင် အရက်/ဘီယာများဖမ်းမိ

မကွေး၊ မတ် ၄ ။        ။    မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့နယ်) ရှိ မန်းရွှေစက်တော်ဘုရားကွင်းအတွင်းမှ စားသောက်ဆိုင်ကွမ်း ယာဆိုင်နှင့်ကုန်စုံဆိုင်များတွင် အရက်/ဘီယာရောင်းချမှုမရှိစေရေးအတွက် ဂေါပကအဖွဲ့နှင့်ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့များက ရှောင်တခင်စစ်ဆေးခဲ့ရာ အရက်နှင့်ဘီယာများ ဖမ်းမိခဲ့သည်။

မတ်လ ၄ရက်(ယနေ့) နံနက် ၁ဝနာရီခွဲအချိန်က စတင်စစ်ဆေးခဲ့ရာ နမ္မဒါလမ်း၊ ပျံကျစျေးတန်းမှ ခွာညိုဝင့်ကုန်စုံဆိုင်တွင် ဒဂုံဘီယာစိမ်းဗူးတို(၁၈)ဗူးနှင့် Grand RoyalSmoth အရက်ပုလင်းပြား(၂၇)ပြားသိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။

ဆက်လက်၍ မန်းရွှေစက်တော် ဗိမ္မာန်-လေယာဉ်ကွင်းလမ်းရှိ ဟိန်းရတနာထမင်းဆိုင်မှ မြန်မာဘီယာဗူးရှည်(၂၄)ဗူး၊ ဒဂုံဘီယာဗူးရှည်(၃)ဗူး ၊ မြန်မာရမ်ပုလင်းကြီး(၈) လုံး၊ မြန်မာရမ်ပုလင်းပြား(၁၉)ပြား၊ Grand Royal Smoth ပုလင်းကြီး(၆)လုံးနှင့်ပုလင်းပြား(၁၅)ပြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်းစစ်ဆေးရေးအဖွဲ့ကဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ခွာညိုဝင့်ကုန်စုံဆိုင်မှ ဒေါ်သီတာမိုး(၄၆)နှစ်နှင့် ဟိန်းရတနာ ထမင်းဆိုင်မှဒေါ်ညိုပြာ (၄၀) နှစ်တို့အားတရားမဝင်အရက်ရောင်းချသူအဖြစ်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly