အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ ဂလက်စီအသင်း ဒေးဗစ်ဘက်ခမ်းကို ဂုဏ်ပြု

အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲ ဖွင့်ပွဲနေ့မှာ ဂလက်စီအသင်း ဒေးဗစ်ဘက်ခမ်းကို ဂုဏ်ပြု
Photos: AFP

အယ်လ်အေ ဂလက်စီက ချီကာဂိုဖာယားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မတိုင်ခင် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းရဲ့ ရုပ်တုကို အသင်းရဲ့ကွင်းပြင်ပမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

ဘက်ဟမ်းရဲ့ ဂလက်စီနည်းပြဟောင်း ဘရုစ်အရီးနားနဲ့ အသင်းဖော် ရော်ဘီကိန်းအပါအဝင် ဘက်ခမ်းရဲ့ ဇနီး ဗစ်တိုးရီးယားတို့ဟာ ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

"ကျနော်ကိုယ်တိုင်ရယ်၊ ဗစ်တိုးရီးယားနဲ့ ကလေးတွေဟာ ဒီမြို့ကို ရောက်တဲ့နေ့ကစလို့ ကျနော်တို့ဟာ အိမ်မှာ ရှိနေသလို ခံစားရပြီး ဒီအတွက် ကျနော်တို့ အစဉ်အမြဲကျေးဇူးတင်ပါလိမ့်မယ်။"လို့ ၂၀၂၀ မှာ အမေရိကန်လိဂ် (MLS) ကို ဝင်ပြိုင်မယ့် အင်တာ မိုင်ယာမီအသင်းပိုင်ရှင် ဘက်ခမ်းက ပြောပါတယ်။

"ဒီမြို့ဟာ ကျနော့်အတွက် အမြဲတမ်း အိမ်လို ခံစားရပါတယ်။ ကျနော့် ဇနီး၊ ကလေးတွေ၊ မိဘတွေနဲ့ သူငယ်ချင်းတွေဆီက အထောက်အကူမရပဲ ကစားသမားဘဝကို ဖြတ်သန်းနိုင်ခဲ့မှာ မဟုတ်ပါဘူး။"လို့ သူက ပြောပါတယ်။

ဘက်ခမ်းဟာ မန်ယူနှင့် ရီးယဲလ်အသင်းတို့မှာ အောင်မြင်မှုများစွာ ရယူခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်မှာ ကလက်စီအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ကလက်စီအသင်းမှာ ၅ ရာသီကြာ ဖြတ်သန်းခဲ့ပြီး အမေရိကန်မေဂျာလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

"အထူးသဖြင့် အမေရိကန်မှာနဲ့ ပြိုင်ပွဲမှာ ဘယ်လောက်အရေးပါလဲဆိုတာ ကျနော် သိထားပါတယ်။ အထူးသဖြင့် အမေရိကန်မှာ ရုပ်တုတစ်ခု ထုလုပ်ရရှိတယ်ဆိုတာ ဘယ်လောက်အရေးပါသလဲဆိုတာ ကျနော် သိပါတယ်။ ဒါ့ကြောင့် အရမ်းပဲ ထူးခြားတဲ့နေ့လို့ ကျနော် ခံစားရပါတယ်။

"တစ်ချိန်ချိန်မှာ ကလေးတွေဟာ ဖခင်ရဲ့ ဖန်တီးခဲ့တဲ့ အရာတွေနဲ့ ဘာတွေ အောင်မြင်မှု ရခဲ့လဲဆိုတာကို ဒီနေရာမှာ မြင်တွေ့ပါလိမ့်မယ်။ ပြီးတော့ ကျနော် သေချာပါတယ် …. သူတို့ဟာ ဒီအတွက် ဂုဏ်ယူနေပါလိမ့်မယ်။

"ကျနော်ဟာ ဒီလိဂ်ကို ကြီးထွားလို့ပဲ လိုလားခဲ့ပါတယ်။ ဒီလိဂ် ကြီးထွားလာရာမှာ ကျနော့်အနေနဲ့ အစိတ်အပိုင်း အသေးလေးတစ်ခုအဖြစ် ကစားလိုခဲ့ပြီး ကစားသမားတွေ ခေါ်ယူလိုသလို ကလပ်အသင်းတွေ ခေါ်ယူလိုပါတယ်။ ရှိနေပြီးသားထက် ဒီလိဂ်ကို ပိုပြီး အောင်မြင်အောင်နဲ့ ကြီးမားလာအောင် ပြုလုပ်လိုပါတယ်။ ကျနော်တို့ဟာ အောင်မြင်မှု ရခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ ဆက်လျှောက်ရဲ့မယ့် ခရီးက အဝေးကြီး ရှိနေဆဲပါ။"လို့ ဘက်ခမ်းက ပြောပါတယ်။

ဘက်ခမ်းဟာ ဥရောပကြယ်ပွင့်ကစားတွေအတွက် အမေရိကန်မေဂျာလိဂ်ဆီ သူ့နောက်မှာ လာရောက်ကစားဖို့ လမ်းခင်း ကူညီပေးခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly